Popular Posts

Showing posts with label Zawgyi Font. Show all posts
Showing posts with label Zawgyi Font. Show all posts

Tuesday, 1 May 2012

G Talk မှာ မြန်မာ Font မပေါ်ရင်

G Talk မှာ မြန်မာ Font မပေါ်ရင် ကိုယ်က မြန်မာ Font လည်း Run ထားတယ်ဆိုရင်တော့ G Talk ရဲ့ Setting ထဲက ပြောင်းကြည့်လိုက်ပါ...။

1 G Talk ရဲ့ Interface လေးက Setting ကိုသွားလိုက်ပါ...။ ပီးရင် Change Font ကိုသွားလိုက်ပါ...။ 


2.Zawgyi one ကိုရွေးလိုက်ပါ...။

 

ကိုယ့်သုံးနေတဲ့  System က 32 Bit လည်းဖြစ်တယ် ဆိုရင်တော့ ကျွန်တော် ရဲ့ စမ်းသပ်ချက်အရ ဒီ IEZawgyiGtalkFont  လေးက တကယ်ကို အဆင်ပြေပါတယ် Keyboard Add         ပေးစရာမလိုဘူး...။  Internet Explorer          ပြောင်းပေးစရာ မလိုတဲ့                          ပြင် G talk မှာလည်း                                  အပေါ်က ပြောခဲ့သလို Setting  ပြောင်းစရာ    မလိုအောင် ကို အားလုံး   ပီးမြောက်စေတဲ့ အတွက်  အရမ်းကြိုက်ပါတယ်...။ ဒါပေမယ့် 64 Bit မှာတော့ ကျွန်တော်ရဲ့ စမ်းသပ်ချက် အရတော့ အဆင်မပြေပါဘူး...။

                                                                                                                         IEZawgyiGtalkFont    

ဒီလိုမှ အဆင်မပြေသေးဘူးဆိုရင်တော့ ကျွန်တော်ရဲ့ ဆရာသမားတွေ ဖြစ်တဲ့ ကိုလွင်မင်းဗိုလ် ရှင်းပြတာလေး ကို  ဒီနေရာ ကနေ သွားဖတ်ကြည့်ုလိုက်ပါ.။

အဆင်ပြေကြပါစေ

မျိုးကိုကို
                                        
                                                       

Sunday, 15 April 2012

G mail မှာ Font Size တွေ သေး သွားခဲ့ရင်


C Box က အစ်ကို စိုးမိုး မေးခဲ့တဲ့ G mail မှာ စာတွေ သေးသွားတယ်ဆိုတာက ကျွန်တော်တို့ သုံးတဲ့ Browser နဲ့ ဆိုင်မှာပါ...။ ကျွန်တော်တို့ သုံးနေတဲ့ Browser မှာ ကျွန်တော်တို့ စိတ်ကြိုက် Font Size ကိုဖန်တီးထားလို့ ရပါတယ်..။ ခု ကျွန်တော် သုံးတဲ့ Mozilla Firefox Version 11 မှာ ကျွန်တော်လုပ်ပြပါ့မယ်...။

1.သူ့ရဲ့ Browser Window ရဲ့ အပေါ် နားက Firefox ဆိုတာက နှိပ်လိုက်ပီး Option ကို သွားလိုက်ပါ..။


2.Option က Tab မှာ ပုံမှာ ပြထားသလို စိတ်ကြိုက် Font Size ကိုပြောင်းနိုင်ပါတယ်။



ဒီလိုမှ ကိုယ့် ရဲ့ အမြင် နဲ့ အဆင်မပြေသေးဘူးဆိုရင် ကျွန်တော်တို့ Computer မှ Ctrl နဲ့ + Sign လေးကို ပူးတွဲ နှိပ်ပီးလည်း အဆင်ပြေအောင် Zoom ဆွဲ ကြည့်လို့ ရပါတယ်..။




အဆင်ပြေကြပါစေ

မျိုးကိုကို

Sunday, 18 March 2012

Wednesday, 7 March 2012

Desktop ပေါ် မြန်မာ Font မပေါ်ရင်ဖြင့်

Window 7 ကွန်ပျူတာတွေမှာ Theme အသစ်တွေ Install လုပ်တဲ့ အခါပဲ ဖြစ်ဖြစ် ရှိနေပီးသားတွေကို တစ်ခု နဲ့ တစ်ခု ချိန်းလိုက်တဲ့ အခါ ပဲ ဖြစ်ဖြစ် အဲဒီလို အကူးအပြောင်းမှာ Desktop ပေါ်က Folder တွေ ၊ File တွေမှာ မြန်မာလို ရိုက်လို့ မရ၊ နာမည် ပေးလို့ မရတော့ပါဘူး။ လွယ်ကူစွာနဲ့ လူတိုင်းလုပ်ဆောင်နိုင်ကြပေမယ့် မကြာမကြာ မေးကြတဲ့ သယ်ချင်းတစ်ချို့ နဲ့ မသိသေးသူတွေ အတွက် ပြန်ရေးကြည့်ထားတာလေးပါ။

အဲဒီလို Desktop ပေါ်က File တွေ ၊ Folder တွေမှာ မြန်မာ လို မပေါ်ရင် ၊ Theme အပြောင်းအလဲ ကြောင့် အရင်က ရေးလို့ ရနေပီး မရတော့လို့ ပြန်ပြောင်းချင်ရင် ဒီနည်းလေးကို သုံးကြည့်လိုက်ပါ။

1. Desktop ပေါ်မှာ Right Click နှိပ်ပီး Personalize ကို ရွေးပါ။

Justify Full
2.ပုံမှာ ပြထားသလို Window Color ကို ရွေးပါ။


3.ဒီလို Window လေးကျလာပီဆိုရင် ပုံမှာ ပြထားတဲ့အတိုင်း Item နေရာမှာ Icon နဲ့ Font နေရာမှာ Zawgyi ကို ပြောင်းပေးလိုက်ပါ။ Folder Icon ရဲ့ အရွယ်အစားနဲ့ Font Size တွေကိုလည်း တစ်ခါတည်းပြောင်းနိုင်ပါတယ်။


ဒီလို မြန်မာ Font ကိုပြန်ချိန်း ဖို့အတွက် နောက်ဆုံး ပြင်ဆင်ခွင့် ရှိတဲ့ Window လေးကို Run Box ကနေ သွားမယ်ဆိုရင် လည်း လွယ်ကူမြန်ဆန် စေပါတယ်။

လုပ်ကြည့်ချင်ရင်

1. Win Key + R ကိုနှိပ်လိုက်ပီး Control Color လို့ ရိုက်ထည့်ပီး OK လိုက်ရင်လည်း ကျွန်တော်တို့ရဲ့ နောက်ဆုံး ပြင်ဆင်ခွင့်ရှိတဲ့ Destination လေးကို ရောက်ရှိနိုင်ပါတယ်။


မသိသေးသူများအတွက်သာ
အားလုံးအဆင်ပြေကြပါစေ
မျိုးကိုကို

Saturday, 11 February 2012

IE မှာ Zawgyi Font ပေါ်ချင်ရင်


မိတ်ဆွေရဲ့ Internet Explorer မှာ ဇော်ဂျီဖောင့် ပေါ်အောင် လုပ်ချင်ရင် အောက်ပါ နည်းလမ်းလေးကို စမ်းကြည့်ပါ ..

1.Start Menu > Run ကို နှိပ်ပါ ..

2.notepad လို့ ရိုက်ထည့်ပြီး Enter နှိပ်ပါ.. Notepad Window ပေါ်လာပါလိမ့်မယ်။

အောက်မှာ ဖော်ပြထားတဲ့ Style Sheet HTML Code လေးကို ကော်ပီလိုက်ပါ။ ပြီးရင် Notepad မှာ Right Click လုပ်ပြီး Paste လုပ်ပါ။..


body { font-family:Zawgyi-one; } input, select , textarea { font-family:Zawgyi-one;}


ပြီးရင် “mmfont.css” လို့ ဖိုင် နာမည်နေရာမှာ ရေးပြီး save လိုက်ပါ.. ကိုယ် မှတ်မိမယ့် တနေရာပေါ့ …

အပေါ်က အဆင့်ပြီးရင် IE ကို ဖွင့်လိုက်ပါ ..

Tools > Internet Option ကို ရွေးလိုက်ပါ ..IE မဖွင့်ပဲ Internet Options တန်းပေါ်ချင်ရင်လည်း Run box ကနေ inetcpl.cpl လို့ ရိုက်ပြီး Enter ခေါက်လိုက်လို့ ရပါတယ်..

ခု internet options ကို ရောက်ပြီ ထားပါစို့ ..Accessibility ဆို တဲ့ ခလုတ်လေး ညာဘက် အောက်နားလေးမှာ ရှိပါတယ် ..ကလစ်လိုက်ပါ ..

1.Ignore fonts style specified on webpages ဆိုတဲ့ Check box ကို Check လုပ်ပါ ။

2.Format documents using my style sheet ဆို တဲ့ Check box ကိုလည်း check လုပ်ပါ.. ပြီးရင် Browse ကို နှိပ်ပြီး ကျွန်တော်တို့ တနေရာမှာ Save ထားခဲ့တဲ့ mmfont.css ဆိုတဲ့ File လေးကို ရှာရွေးပေးပြီး Open ကို ကလစ်ပါ ..



ခု မြန်မာ ဆိုဒ် တဆိုက် ကို IE ကနေ ၀င်ကြည့်လိုက်ပါ ..

မြင်ရလား ? :D


Source:http://disketmpz.wordpress.com