Popular Posts

Showing posts with label Daliy News. Show all posts
Showing posts with label Daliy News. Show all posts

Wednesday, 2 May 2012

နိုင်ငံတကာ အလုပ်သမားနေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲ အစီအစဉ် မလေးရှားနိုင်ငံတွင် ပြုလုပ်ကျင်းပ

https://fbcdn-sphotos-a.akamaihd.net/hphotos-ak-snc7/306610_283869298367775_100002341215929_617751_132950384_n.jpg



ရွှေမြန်မာလမ်းညွှန်မှ စီစဉ်တင်ဆက်သော နိုင်ငံတကာ အလုပ်သမားနေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို May Day နေ့ 1.5 .2012 နေ့လေးတွင် နေ့လည် ၂ နာရီမှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ (Chin Woo Stadium ) ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဂီတဖျော်ဖြေပွဲ အစီအစဉ်လေးမှာ အဆိုတော် Dဖြိုး၊ အောင်လ၊ ဖြိုးကြီး၊ ဟဲလေး ၊ နောနော်၊ ဆိုတေး၊ နဲ့ ဧည့်သည် အဆိုတော်အဖြစ် ဂျင်းနီ တို့က သီဆို တင်ဆက်ခဲ့ကြပါတယ်။



နိုင်ငံတကာ အလုပ်သမားနေ့ အထိမ်းအမှတ် ရွှေမြန်မာလမ်းညွှန် စာအုပ်အခမဲ့ဖြန့်ဝေမှု အစီအစဉ်နဲ့ အမှတ်တရ ဂီတဖျော်ဖြေပွဲပြုလုပ်ပေးတာဖြစ်ပြီး မလေးရှားရောက် မြန်မာများအတွက် ဂီတဖျော်ဖြေပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ ဂန္တ၀င် စားသောက်ဆိုင်၊ အင်တာနေရှင်နယ် ဂျာနယ် နှင့် IT Garden ကွန်ပျူတာဆိုင် တို့မှ အဓိက စပွန်ဆာအဖြစ် တာဝန်ယူခဲ့ကြပါတယ်။



ကျွန်တော်တို့ မလေးရှားနိုင်ငံကို လာတဲ့ လူတော်တော်များများက ဒီမှာ အလုပ်လာလုပ်ကြတာ များပါတယ်။ အဲဒီတော့ နေ့တိုင်းလိုလို ကိုယ့်ရဲ့လုပ်ငန်းခွင်မှာပဲ လုပ်ကိုင်နေ ရတော့ ပြင်ပ ဗဟုသုတအားနည်းပြီး အားလပ်ရက်မှာ အပြင်ကို သွားမယ်လာမယ်ဆိုရင် အခက်အခဲ ရှိလေ့ရှိပါတယ်။ ပြီးတော့ ကိုယ့်နိုင်ငံ မဟုတ်တဲ့အတွက် ဘာလေးပဲ လိုလို မေးရမြန်းရတယ်။ဘာသာစကား အခက်အခဲ အဲသလို အခက်အခဲတွေက အများကြီးပါပဲ။


အခု ကျွန်တော်တို့ ရွှေမြန်မာကို ထုတ်လိုက်တဲ့အတွက် သူတို့ ဘာလေးပဲ လိုလို ရှာကြည့်လို့ရမယ်။ ကျွန်တော်တို့ စာအုပ်က လုံးဝ ပြည့်စုံ နေတယ်လို့ မဆိုလိုပါဘူး၊ ဒါပေမယ့် အခက်အခဲ လိုအပ်ချက် တစ်ခုခုကို ဖြည့်ပေးကောင်း ဖြည့်ပေးနိုင်မယ်။ အဲလိုဆိုရင် ကျွန်တော်တို့ ကျေနပ်ပါတယ်။ နောက်မလေးရှားမှာရှိတဲ့ အဖွဲ့အစည်းတွေကိုလည်း ရွှေမြန်မာလမ်းညွှန်စာအုပ်များကို လှူဒါန်းသွားဖို့ ရှိပါတယ်။ ဒီရွှေမြန်မာ လမ်းညွှန်စာအုပ်ကို ဒီနေ့ရှိုးပွဲမှာ အခမဲ့ဖရီး အနေနဲ့ လက်ဆောင်ပေးဖြစ်ပါတယ်။ စာအုပ်ထုတ်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ မလေးရှား မြန်မာတွေအတွက် သွားလာမှု လမ်းညွန်ချက်တွေ အဆင်ပြေအောင် ပါပဲ။



ဒီနေ့ May Day အလုပ်သမားနေ့မှာ လုပ်တယ်ဆိုတာက ကျွန်တော်တို့ က ဒီမှာ အလုပ်လာလုပ်ကြတာလေ။ အဲဒီတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသား အလုပ်သမားတွေ ကျွန်တော်တို့ လုပ်တဲ့ပွဲကြောင့် အလုပ်သမားနေ့မှာ အပန်းပြေသွားမယ်၊ ပျော်ရွင်သွားမယ်ဆိုရင် ကျွန်တော်တို့ ၀မ်းသာရမှာပါ။ အဲဒီလို ဖြစ်လာဖို့ လည်း မျှော်လင့်မိပါတယ် ဟု ရှိုးပွဲအတွက် ဖြစ်မြောက်ရေး တာဝန်ခံဖြစ်တဲ့ IT GARDEN မှ ကိုဘိုဘိုမှ News Information & Online Radio Media (Malaysia) ဖြေကြားပေးခဲ့ပါသည်။



ရွှေမြန်မာလမ်းညွှန်မှ စီစဉ်တင်ဆက်သော နိုင်ငံတကာ အလုပ်သမားနေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို ပထမဆုံး DJ အစီအစဉ်ဖြင့် စတင်ကာ နေ့လည် ၂း၀၀ အချိန်မှာ စတင်ပြီး အဆိုတော်များ အလှည့်ကျ ဖျော်ဖြေပေးကြပြီး ည(၇)နာ၇ီအချိန်တွင် ဖျော်ဖြေမှု အစီအစဉ်များကို ရပ်နားခဲ့ပါကြောင်း သိရှိရပါသည်။















www.nayzawlin.com/

News Information & Online Radio Media (Malaysia)

Friday, 27 April 2012

မလေးရှား ရွှေမြန်မာလမ်းညွှန်စာအုပ် May Day အလုပ်သမားနေ့မှာ ရှိုးပွဲကျင်းပပြီး အခမဲ့ ဖြန့်ဝေမည်

https://fbcdn-sphotos-a.akamaihd.net/hphotos-ak-snc7/306610_283869298367775_100002341215929_617751_132950384_n.jpg

မလေးရှားရောက် မြန်မာများအတွက် မလေးရှားနိုင်ငံတွင် ပထမဦးဆုံး ထုတ်ဝေမည့် ရွှေမြန်မာတိုင်းအတွက် ရွှေမြန်မာလမ်းညွှန်စာအုပ် မကြာမီထွက်မည် ဖြစ်ကြောင်း သိရှိရပါသည်။ ရွှေမြန်မာလမ်းညွှန်စာအုပ်လေးထဲမှာ မလေးရှားမှာ ဘယ်နေရာသွားသွား မြန်မာဆိုင်ရှိတယ်ဆိုတာ သိစေချင်တယ်။ ဘယ်နေရာမှာမြန်မာ ဆေးခန်းရှိတယ် ဘယ်လိုအဖွဲ့အစည်းတွေ ဘယ်နေရာမှာရှိနေတယ်။

အရေးကြုံရင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ဆောင်ရန် ရှောင်ရန်များ အလုပ်ရှာဖွေပေးသော အေးဂျင့်များ ကား ရထား လမ်းညွှန် လေယာဉ် လက်မှတ် အရောင်းဌာနများ အချိန်ပိုင်း သင်တန်းများ စသဖြင့် အကြောင်းအရာမျိုးစုံကို စုံစုံလင်လင် ဖော်ပြပေးမည့် စာအုပ်လေး ဖြစ်ပါတယ်။

ရွှေမြန်မာလမ်းညွှန် စာအုပ်လေးကို May Day အလုပ်သမားနေ့လေးမှာ အခမဲ့ ဖြန့်ဝေးပေးမှာ ဖြစ်ပြီး ရွှေမြန်မာလမ်းညွန်စာအုပ်ဖြန့်ဝေသော May Day နေ့ 1.5 .2012 နေ့လေးတွင် မြန်မာနိုင်ငံမှ နာမည်ကြီး အဆိုတော်တွေနဲ့ ဂီတဖျော်ဖြေမှုပွဲလေးကိုလည်းစီစဉ်ထားတယ်လို့ သိရပါတယ်။ ဒီအကြောင်းအရာ ကိစ္စလေးနဲ့ ပက်သက်ပြီး အင်တာဗျူးလေး မေးမြန်းထားပါတယ်။

https://fbcdn-sphotos-a.akamaihd.net/hphotos-ak-ash3/530301_129418460524640_100003694599136_122173_1532200330_n.jpg

မင်္ဂလာပါ ခင်ဗျာ ...

မေး - ရွှေမြန်မာလမ်းညွန် စာအုပ်လေးထုပ်ပြီး မလေးရှားရောက်မြန်မာတွေအတွက် အခမဲ့ဝေပေးသွားမယ်လို ကြားသိရပါတယ် ခင်ဗျာ။ ရွှေမြန်မာလမ်းညွန် စာအုပ်လေးကို ထုပ်ဖြစ်တဲ့ ရည်ရွယ်ချက်လေးကို သိပါရစေ။

ကျွန်တော်တို့ မလေးရှားနိုင်ငံကို လာတဲ့ လူတော်တော်များများက ဒီမှာ အလုပ်လာလုပ်ကြတာ များပါတယ်။ အဲဒီတော့ နေ့တိုင်းလိုလို ကိုယ့်ရဲ့လုပ်ငန်းခွင်မှာပဲ လုပ်ကိုင်နေ ရတော့ ပြင်ပ ဗဟုသုတအားနည်းပြီး အားလပ်ရက်မှာ အပြင်ကို သွားမယ်လာမယ်ဆိုရင် အခက်အခဲ ရှိလေ့ရှိပါတယ်။ ပြီးတော့ ကိုယ့်နိုင်ငံ မဟုတ်တဲ့အတွက် ဘာလေးပဲ လိုလို မေးရမြန်းရတယ်။

ဘာသာစကား အခက်အခဲ.. အဲသလို အခက်အခဲတွေက အများကြီးပါပဲ။ အခု ကျွန်တော်တို့ ရွှေမြန်မာကို ထုတ်လိုက်တဲ့အတွက် သူတို့ ဘာလေးပဲ လိုလို ရှာကြည့်လို့ရမယ်။ ကျွန်တော်တို့ စာအုပ်က လုံးဝ ပြည့်စုံ နေတယ်လို့ မဆိုလိုပါဘူး၊ ဒါပေမယ့် အခက်အခဲ လိုအပ်ချက် တစ်ခုခုကို ဖြည့်ပေးကောင်း ဖြည့်ပေးနိုင်မယ်။ အဲလိုဆိုရင် ကျွန်တော်တို့ ကျေနပ်ပါတယ်။ စာအုပ်ကတော့ အလကား ဝေသွားမှာပါ။ စာအုပ်ထုတ်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ အဲဒါပါပဲ။



မေး - ရွှေမြန်မာလမ်းညွန်မှ စီစဉ်တင်ဆက်သော နိုင်ငံတကာ အလုပ်သမားနေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေမှု ပွဲလေးကို ဘယ်လိုရည်ရွယ်ပြီး လုပ်ဖြစ်တယ် ဆိုတာလေး ပြောပြပေးပါ ခင်ဗျာ။

အလုပ်သမားနေ့မှာ လုပ်တယ်ဆိုတာက ကျွန်တော်တို့ က ဒီမှာ အလုပ်လာလုပ်ကြတာလေ။ အဲဒီတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသား အလုပ်သမားတွေ ကျွန်တော်တို့ လုပ်တဲ့ပွဲကြောင့် အလုပ်သမားနေ့မှာ အပန်းပြေသွားမယ်၊ ပျော်ရွင်သွားမယ်ဆိုရင် ကျွန်တော်တို့ ၀မ်းသာရမှာပါ။ အဲဒီလို ဖြစ်လာဖို့ မျှော်လည်း မျှော်လင့်မိပါတယ်။

https://fbcdn-sphotos-a.akamaihd.net/hphotos-ak-snc7/306610_283869298367775_100002341215929_617751_132950384_n.jpg

မေး - May Day အလုပ်သမားနေ့ အတွက်ရှိုးပွဲမှာ ဘယ်အဆိုတော်နဲ့ ဖျော်ဖြေပေးဖို့ စီစဉ်ထားသလဲ ?

နောနော်၊ ဖြိုးကြီး၊ အောင်လ၊ဆိုတေး၊ ဒီဖြိုး ၊ ဟဲလေး၊ ဂျင်းနီ တို့က ဖျော်ဖြေပေးမှာပါ။ လက်မှတ်က RM 45 ဖြစ်ပါတယ်။

မေး - ရှိုးပွဲ လက်မှတ် ဈေးနှုန်းနဲ့ ဘယ်နေရာမှာ ကျင်းပဖို့ စီစဉ်ထားသလဲ ဆိုတာ ပြောပြပေးပါ ခင်ဗျာ။

ပွဲဖျော်ဖြေပေးဖို့ကို ကျွန်တော်တို့ ပထမပိုင်းမှာ SM ကုန်တိုက်မှာ လုပ်ဖို့ စီစဉ်ထားတာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ ခန်းမရဲ့ အအေးပေးစနစ် မလုံလောက်တာရယ်၊ Lighting အခက်အခဲ ရှိတာရယ်ကြောင့် အဲဒါတွေကို အဆင်ပြေအောင် လုပ်ပေးနိုင်မယ့် တရုတ်တန်း ခန်းမ(Chin Woo Stadium ) ကိုပဲ အသုံးပြုဖို့ ရွေးလိုက်ရပါတယ်။

မေး - အခုနောက်ဆုံး သိချင်တာက May Day အလုပ်သမားနေ့ အတွက်ပေါ့နော်။ ရှိုးပွဲတွေ လုပ်ဖြစ်တယ် ရွှေမြန်မာလမ်းညွန် စာအုပ်လေးကိုလည်း ထုပ်ပြီး အမှတ်တရ ပြုလုပ်ပေးဖြစ်တယ် ဆိုတော့ မလေးရှားရောက် မြန်မာများ အားလုံးအတွက် အစ်ကိုပြောချင်တဲ့ စကားလေး တစ်ခုခု ပြောပေးစေလိုပါတယ်။

ရွှေမြန်မာလမ်းညွှန်စာအုပ်လေးထဲမှာ မလေးရှားမှာ ဘယ်နေရာသွားသွား မြန်မာဆိုင်ရှိတယ်ဆိုတာ သိစေချင်တယ်။ ဘယ်နေရာမှာမြန်မာ ဆေးခန်းရှိတယ် ဘယ်လိုအဖွဲ့အစည်းတွေ ဘယ်နေရာမှာရှိနေတယ်။ အရေးကြုံရင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ဆောင်ရန် ရှောင်ရန်များ အလုပ်ရှာဖွေပေးသော အေးဂျင့်များ ကား ရထား လမ်းညွှန် လေယာဉ် လက်မှတ် အရောင်းဌာနများ အချိန်ပိုင်း သင်တန်းများ စသဖြင့် အကြောင်းအရာမျိုးစုံကို စုံစုံလင်လင် ဖော်ပြပေးမည့် စာအုပ်လေး ဖြစ်ပါတယ်။ ဟုတ်ပါတယ် အလကား ဝေမှာပါ။ ကျွန်တော်တို့ စာအုပ်ရေ တစ်သောင်း ရိုက်ထားပါတယ်။ မလေးရှားမှာ ဖြန့်ဝေပေးမှာပါ။

အခု ကျွန်တော်တို့ ရွှေမြန်မာကို ထုတ်လိုက်တဲ့အတွက် သူတို့ ဘာလေးပဲ လိုလို ရှာကြည့်လို့ရမယ်။ ကျွန်တော်တို့ စာအုပ်က လုံးဝ ပြည့်စုံ နေတယ်လို့ မဆိုလိုပါဘူး၊ ဒါပေမယ့် အခက်အခဲ လိုအပ်ချက် တစ်ခုခုကို ဖြည့်ပေးကောင်း ဖြည့်ပေးနိုင်မယ်။ အဲလိုဆိုရင် ကျွန်တော်တို့ ကျေနပ်ပါတယ်။ စာအုပ်ထုတ်ဖြစ်တဲ့ ရည်ရွယ်ချက် ကတော့ အဲဒါပါပဲ။

https://fbcdn-sphotos-a.akamaihd.net/hphotos-ak-prn1/548042_103725159760637_100003694599136_16884_1249550662_n.jpg

အခုလို ဖြေကြားပေးတဲ့ ရွှေမြန်မာ လမ်းညွန်စာအုပ်နဲ့ ရှိုးပွဲအတွက် ဖြစ်မြောက်ရေး တာဝန်ခံဖြစ်တဲ့ IT GARDEN မှ ကိုဘိုဘို အား အထူးပဲကျေးဇူး တင်ရှိပါတယ်။

http://api.ning.com/files/iz-FakgGtIIwxV0LBLG7ZXOpMO0Tm3Y2FZTY3nGtqPX-L5cnvS1tXE7xki0US3DNEhnnLQMFkrUNISkML6j0lVyja7fhJgJ6/nayzawlin11.gif

မလေးရှားရောက် ရွှေမြန်မာများ အတွက် ရွှေမြန်မာလမ်းညွန် စာအုပ်လေးကို May Day အလုပ်သမားနေ့ လေးမှာ အခမဲ့ ဖြန့်ဝေပေး သွားဖြစ်ပြီး ရှိုးပွဲကြည့်ချင်သော မလေးရှားရောက် ရွှေမြန်မာများ အတွက် 1.5.2012 နေ့လေးမှာ ကေအယ် ကိုတာယာရာ ကုန်တိုက်နဘေးရှိ SM ကုန်တိုက်လေးမှာ သွားရောက် အားပေး ကြည့်ရှုနိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါရစေ .....



Nay Zaw Lin 1

NO. Administer - 354-10C07368

News Information & Online Radio Media (Malaysia)