Popular Posts

Showing posts with label How To. Show all posts
Showing posts with label How To. Show all posts

Monday, 1 October 2012

ကော်နရှင်မကောင်းလျှင် သုံးနိုင်သောနည်းစနစ်များ

 

မြန်မာပြည်ရောက်တုန်း အင်တာနက်သုံးကြည့်တဲ့ခါ ဘလော့တင်မရ၊ ဖွင့်မရ၊ gtalk gmail ဖွင့်မရတာတွေ များနေလို့ မိမိတက်သိနားလည်သလောက် လိုက်ရှာကြည့်ရာ အောက်ပါဆိုဒ်လေးတွေကို တွေ့ရှိခဲ့ပါတယ်။ အဲဒီဆိုဒ်လေးတွေကို ဖွင့်ကြည့်တဲ့ခါ တော်တော်လေး အဆင်ပြေတာ တွေ့ရပါတယ်။ ကော်နရှင်ကျတဲ့ချိန်တွေမှာ သုံးလို့ရတဲ့အတွက် အဲဒါတွေကို သုံးကြည့်ပြီး မြန်မာပြည်မှ ဒကာ၊ ဒကာမများ အသုံးပြုလွယ်ကူစေရန် ဦးဇင်းမျှဝေပေးလိုက်ပါတယ်။ ဦးဇင်းအကောင့်ထဲမှာမရှိတဲ့သူတွေကိုလည်း တစ်ဆင့်ချင်းစီ ပြန်လည်မျှဝေပေးကြပေါ့လေ။ အထူးသဖြင့် မြန်မာပြည်ကလူတွေကို မျှဝေပေးကြပါ။

              ပထမဦးဆုံး gtalk ၀င်လို့ရတဲ့ ဆိုဒ်တွေကို အရင်ပြောပြပေးပါမယ်။

       ၁။  http://www.ebuddy.com/#gtalk ကို Mozilla Firefox မှာ ရိုက်ထည့်လိုက်ပါ။ ပွင့်လာတဲ့အခါမှာ gtalk ပုံလေး တွေ့ပါလိမ့်မယ်။ အဲဒီပုံလေးနှိပ်ပြီး အကောင့်ဝင်လိုက်တာနဲ့ နောက်စာမျက်နှာတစ်ခုပေါ်လာပြီး ခဏနေရင် ပွင့်လာလိမ့်မယ်။

       ၂။ နောက်တစ်ဆိုဒ်က http://x15.iloveim.com/servlets/logoutPage ပါ။ အဲဒီမှာလည်း gtalk ၀င်လို့ ရပါတယ်။

        ၃။ နောက်တစ်ခုက http://webuzz.im/ ပါ။ သူကလည်း gtalk ၀င်လို့ရတဲ့ဆိုဒ်ပါပဲ။
        အကောင်းဆုံးကတော့ နံပါတ်တစ်ဆိုဒ်ပါ။ တစ်ခုမရမှ နောက်တစ်ခု စမ်းကြည့်ကြပေါ့လေ။
        gmail ၀င်မရရင်တော့ ဒီကနေ http://mistakeproxyarea.appspot.com/gmail.com ၀င်လိုက်ပါ။ အကောင့်ဝင်ပြီး မေးလ်ဖတ်လို့ ရပါပြီ။ 

အဲဒီကမှာမရရင် ဒီကနေ ၀င်လိုက်ပါ။ 
http://mistakeproxyarea.appspot.com/webuzz.im/ ဒါကိုဖွင့်ပြီးတာနဲ့ အောက်ဆုံးမှာ မောက်လေးနဲ့ရမ်းလိုက်ပါ။ gtalk gmail ၀င်လို့ရမဲ့ ပုံလေးတွေ တွေ့ပါလိမ့်မယ်။ gtalk ပုံကတော့ ရှင်းပါတယ်။ gmail ပုံကတော့ gtalk အောက်ဆုံးမှာပေါ်တဲ့ပုံစံလေးအတိုင်းပါပါတယ်။ အဲဒါလေးကို ထောက်နှိပ်လိုက်ရင် gmail ၀င်လို့ရပါပြီ။

        ဒါလေးကတော့ http://mistakeproxyarea.appspot.com/ မိမိကြည့်ချင်သောဆိုဒ်များကို ကျော်ကြည့်လို့ရတဲ့ ဆိုဒ်လေးပါ။ ဒါလေးကို အရင်ဖွင့်ပြီး မိမိကြည့်ချင်တဲ့ဆိုဒ်နာမည်ကိုရိုက်ထည့်ပြီး Go ကိုနှိပ်လိုက်တာနဲ့ ပွင့်လာပါလိမ့်မယ်လေ။ ဒါကလည်း http://www.polysolve.com/ ၀က်ဆိုဒ်များကို ကျော်ကြည့်တဲ့ ဆိုဒ်တစ်ခုပါ။ အဲဒီဆိုဒ်ကို ဖွင့်ပြီးတဲ့ခါ ကြော်ညာတစ်ခုအပေါ်ကနေ ဖုံးနေတာတွေ့ပါလိမ့်မယ်။ အဲဒါကို ကြက်ခြေခတ်လေးနှိပ်ပိတ်လိုက်ပါ။ ပြီးရင် Begin Solving ရှေ့မှာ မိမိဖွင့်ချင်တဲ့ဆိုဒ်နာမည်ကို ရိုက်ထည့်လိုက်ပါ။ ရိုက်ထည့်ပြီးတာနဲ့ Begin Solving ဆိုတာကို နှိပ်လိုက်ပါ။ ပွင့်လာပါလိမ့်မယ်။ 

အပေါ်ကဟာနဲ့မရရင် ဒါလေးနဲ့ ကျော်ဝင်ကြည့်ပေါ့လေ။
        တစ်ခါတလေကျတော့လည်း မြန်မာပြည်ကော်နရှင်က Access has been Denied လို့ ပြတတ်ပါတယ်။ အဲဒီလိုပြတဲ့အခါ မိမိဖွင့်နေတဲ့ဆိုဒ် သို့မဟုတ်မေးလ်ရဲ့အပေါ်ဘားတန်း http:// နောက်မှာ https:// ဆိုပြီး (S) လေးထည့်ပေးမှ ပွင့်တာမျိုးလည်း ရှိပါတယ်။
ဒီနည်းစနစ်တွေကတော့ မြန်မာပြည်အလည်ပြန်လာမှ သိတဲ့နည်းစနစ်တွေပါ။ မြန်မာပြည်ကော်နရှင်အား အံတုနိုင်အောင် စိတ်တိုင်းကျမွှေနှောက်ထားတဲ့ နည်းလေးတွေပါ။ ဦးဇင်းရဲ့ အင်တာနက်မှာ ဘာသာရေးအကြောင်း အမေးအဖြေများနဲ့သိသင့်သည့်များ ရေးသားတင်ပြချက်များကိုတော့ (၅)လပိုင်း ပြည်ပပြန်ရောက်မှပဲ ဖတ်ရှု့ကြပေါ့လေ။ ခုတော့ သွားလာစရာများတာနဲ့ရော အင်တာနက်မသုံးဖြစ်တာများတာကရောကြောင့် ဘလော့ပို့စ်တင်ခြင်းများ မပြုလုပ်နိုင်တာကို သည်းခံစောင့်ဆိုင်းပေးကြပါလေ။
        ခုပြောခဲ့တဲ့နည်းတွေမှ မရရင်တော့ proxyနဲ့ကျော်ကြည့်ပေါ့လေ။ တစ်ချို့ proxy ကျတော့လည်း ၀ယ်မှရတာဆိုတော့ မ၀ယ်နိုင်တဲ့လူတွေအတွက် ဒုက္ခများပါတယ်။ အဲဒီတော့ မိမိမ၀ယ်နိုင်ရင် ခုပြောပြခဲ့တဲ့ နည်းစနစ်လေးတွေနဲ့ သုံးကြည့်ကြပါ။ ဦးဇင်းကတော့ ခုဖော်ပြခဲ့တဲ့နည်းစနစ်လေးတွေရှာဖွေအသုံးပြုခဲ့တာ အဆင်ပြေပါတယ်။ ကော်နရှင်အား လုံးဝကျမှသာလျှင် ဖွင့်မရတာပါ။ ကော်နရှင်နည်းနည်းလေးရှိရင်တော့ အနည်းဆုံး gtalk တော့ ကျော်ဝင်လို့ ရပါတယ်။

        မှတ်ချက်။ နည်းပညာများ ကျွမ်းကျင်၍ ရေးသားတင်ပြခြင်းမဟုတ်ပါ။ စေတနာထား၍ သိသမျှကို မြန်မာပြည်ကော်နရှင်သုံးနေသူများအား ကိုယ်ချင်းစာလို့ မျှဝေပေးလိုက်ခြင်း ဖြစ်ပါတယ်လေ။ တကယ်လို့များ ခုပြောပြခဲ့တဲ့နည်းစနစ်များကို နားမလည်ပါက ဦးဇင်းယခုကိုင်နေတဲ့ဖုန်း (09-5023259)ကို ဆက်မေးလို့ရပါတယ်လေ။

မှတ်ချတ် ။     ။ ဧဒင်ဥယျာဉ်မှ တဆင့်ဖော်ပြထားခြင်းဖြစ်ပါတယ်။

My Note: အထက်စာပါ  ဦးဇင်း ဆိုက်အား မမှတ်မိပါသဖြင့် တပည့်တော်မဖော်ပြမိတော့ပါ..။အရှင်ဖတ်မိခဲ့သော်
တပည့်တော်အား ပြောကြားပေးပါ..။ကူးယူထားမိရင်းလိပ်စာမမှတ်ဖြစ်ခဲ့သောကြောင့်ပါအရှင်..။

 

Sunday, 23 September 2012

Flash Song ဖန်တီးသူများအတွက် မြန်မာအလှဖောင့်များနဲ့ ဆော့ဝဲများ


SWiSH Max2 protable
 


Download : : SWiSH Max2

Download: : Flash song လုပ်နည်းစာအုပ်


SWiSH Max3 protable 



Download: : SWiSH Max3

SWiSH Max4 protable

 

Download Link: : SendSpace
 
 
  Mediafire (Full With Patch MF)
 
 
 Mediafire (Full Portable)


Flashsongs လုပ်နည်း ebook

ချယ်ရီပန်း နောက်ခံ ဒေါင်းရန်

စာသား shap ထည့်နည်း movie

star mouse effect များ

(အသဲပုံMouseEffectဒေါင်းရန်)

(MouseEffectထည့်နည်းebook)

(4 ground components )

(လိပ်ပြာ ၃ back ground)

mouse mask effect swi ဒေါင်းရန်

boy or girl back gr ဒေါင်းရန်

mouse snow ဒေါင်းရန်

(3Dအသဲနောက်ခံ)

(play and stop button)
(star mouseEffect ဒေါင်းရန်)

(နှင်းဆီ back ground(1))

(နှင်းဆီ back ground(2))

(ခေါင်းလောင်းback ground)

(Flash Player ဒေါင်းရန်)

(ပန်းရောင် back ground)

(Heart back ground)

(Flower back ground)

ဘယ်တော့မှမမေ့ mouse eff

play and stop button ဒီဇိုင်းမျိုးစုံဒေါင်းရန်

(star back ground)

(mouse effect letter)
(bubble နောက်ခံ 1)

(bubble နောက်ခံ 2)

(mouse blur)

(mouse Fadein Fadeout)

(ရုပ်ရှင်ဖိုင်ထည့်နည်းebook)

(လိပ်ပြာmouse effect)

(Snow components)

နောက်ဆုတ်ဖို့ကြိုးစားရင်း နောက်ခံ

play and stop button ထည့်နည်း ebook

(လိပ်ပြာ 1 back ground)

(ရေလှိုင်း back ground components )

(3Deffect များကိုခွဲသုံးနည်းmovie ဖိုင်)

(ဖဲကြိုးcomponents )


Flash Song ဖန်တီးနေသူများအတွက် မြန်မာဖောင့်အလှများ



လိုချင်ရင် ဒီနေရာလေးကို နှိပ်ပြီး ဒေါင်းနိုင်ပါတယ်ဗျာ..ဖောင့် အမျိုး ၆၀ ကျော် ပါ 
ပါတယ်.ကျွန်တော့်သူငယ်ချင်းဆိုဒ်လေးကနေကူးယူမျှဝေပေးတာပါ 
သူ့ဆိုဒ်လေးကိုအလည်ပတ်သွားချင်ရင်

ဒီနေရာလေးက နေသွားရောက်လည်ပတ်နိုင်ပါတယ်.။


(ကူးယူဖော်ပြပါသည်)

ပိုးဟပ်

www.mm-flashsongs.com

Tuesday, 18 September 2012

Window အတက်မှာ Desktop.ini Notepad .. Auto ဖွင့်လာနေရင်ဖြင့်

ဒီနေ့ စက်ကိုဖွင့်လိုက်တော့ ၀င်းဒိုး အတက်မှာ Desktop.ini Notepad ကြီးက Auto ဖွင့်လာတယ် ..။ ဘာကြောင့် ပွင့်လာလဲလို့ ရှာကြည့်လိုက်တော့ သူက ဒီလို ပြောတယ် ..။ Window 7 တွေမှာ ဒီလိုပဲ ဖြစ်တက်ပါတယ်တဲ့ ..။ အဲဒါနဲ့ ကိုယ့်လိုဖြစ်တဲ့ သူတွေ ကို ပြန်ပြောပြဖို့ ကူးယူလိုက်ပါတယ်..။ ဖြစ်ရင်တော့ လုပ်လိုက်ပါ..။ အဆင်ပြေသွားစေရမယ်..။ ဘာသာပြန်ရမှာ ပျင်းလို့ ဒီတိုင်းကူးတင်ပါသည်..။ 

To fix the desktop.ini auto open on Windows 7 Build 7057 is pretty easy, just by removing and deleting the desktop.ini from the Startup folder, which Windows operating system loads on every boot up.




Fix Windows 7 Build 7057 Notepad Auto Open Desktop.ini on Startup Bug


1.Open Windows Explorer, then click on Organize -> Folder and Search Options.

2.Go to View tab.

3.Under “Hidden files and folders” tree, select Show hidden files, folders and drives.

4.Uncheck Hide protected operating system files in order to be able to view the hidden desktop.ini file.

5.Click OK when done.

6.Navigate to C:\ProgramData\Microsoft\Windows\Start Menu\Programs\Startup folder, or alternatively, just type shell:common startup in Start Search and hit Enter.

7.Delete desktop.ini file inside the folder.

8.Navigate to C:\Users\USERNAME\AppDa
ta\Roaming\Microsoft\Windows\Start Menu\Programs\Startup folder, or alternatively, just type shell:startup in Start Search and hit Enter.

9.Delete desktop.ini file inside the folder.

The bug has been fixed, and no Notepad window with desktop.ini will appear on reboot or startup anymore.


My Note:

သူပြောတာက ရှုပ်နေအုံးမယ်..။ No 1 က Folder Option ကို ပြောတာပါ..။ Run ကနေပီး Control Folders ဆိုလည်း ရပါတယ်..။ သူပြောတဲ့ လမ်းကြောင်း အတိုင်း Run မှာ Copy ပီး Paste လိုက်ရင် လည်းရောက်ပါတယ်..။ မရရင် Search ကနေပဲ shell:startup လိုက်ရိုက်ရှာပါ..။ အဆင်ပြေကြပါစေ..။


Source:

www.mydigitallife.info

Friday, 31 August 2012

ပျက်စီးနေတဲ့ Window 7 System File တွေ ပြင်ရအောင်



ကွန်ပျူတာကို သုံးလာခဲ့တာလည်း တစ်နှစ်ကျော်လာပီး Software ပေါင်းများစွာကို လည်းသွင်းလိုက် ၊ထုတ်လိုက်နဲ့ လုပ်လာတဲ့ အခါမှာ Error Message ပေါင်းများစွာလည်း ပေါ်ထွက်လာမယ်ဆိုရင်ပါ..။ ကဲဒါဆိုရင်တော့ ကိုတို့ရဲ့ Window Installation File တွေဟာ လည်း Corrupt ဖြစ်လာမယ် Damage ဖြစ်လာမယ် တစ်နည်းအားဖြင့် တော့ ရှုပ်ထွေးပျက်ပီးလာပါတော့တယ် ..။

အဲဒိ လိုများကိုတို့ ကွန်ပျူတာဟာ နှစ်ကြာလာပီး Error Message တွေများ ပြားလာပီဆိုရင် ကွန်ပျူတာမှာပါတဲ့ Windows System File Checker နဲ့ စစ်ကြည့်ရအောင်ပါ..။ သူက တော့ စစ်ဆေးပီးတာနဲ့ သူ့ဘာသာ ပြန်လည်ပြင်ဆင်ပေးသွားမှာပါ..။

System File Checker ဆိုတာက Window ရဲ့ Built In Command Tool လေးပါ..။ Window 7 System ရဲ့ မပြည့်စုံတဲ့ System File တွေနဲ့ ခုနက Corrupt ဖြစ်နေမယ် ၊ Damage ဖြစ်နေတဲ့ Version ကို Correct Version နဲ့ အစားထိုးမှာပါ..။ ကျွန်တော်တို့တွေက တော့ ကို့ရဲ့စက်က System File တွေကို Transformation Pack များ၊ ဒါမဟုတ် Theme တစ်ခုခု နဲ့များ Modify လုပ်ထားမိသလားဆိုတာတော့ သတိထားရမှာပါ..။ ဘာဖြစ်လို့လဲ ဆိုတော့ System File Checker က System File တွေကို Default အခြေအနေကို ပြန်ပြောင်းပစ်မှာမို့ပါ..။ဒါဆိုရင်တော့ Back Up လုပ်ချင်လုပ် မလုပ်ချင်လည်း ပြန်ပီး Install လုပ်ပါ..။


ကဲ စလုပ်ကြည့်ရအောင် 




1. Command Prompt ကိုဖွင့်တဲ့ အခါမှာ administrator နဲ့မှ ရမှာပါ..။ ဒါကြောင့် start menu> All Programs> Accessories> Command Prompt ကို  right click  > Run as administrator အတိုင်းသွားပီးလုပ်လိုက်ပါ..။

2. Box ထဲမှာတော့ sfc /scannow လို့ရိုက်ပီး Enter ခေါက်ပါ..။ဒါဆိုရင်တော့ သူက စပီး Scan လုပ်ပါလိမ့်မယ်..။

3.သူက အချိန်အနည်းငယ်ကြာမှာပါ..။ပီးရင် တော့ ရှိ ၊ မရှိ ပြောမှာပါ..။ ရှိရင်တော့ အကြောင်းကြားပီး ပြင်ဆင်သွားမှာပါ..။ ပီးရင်တော့ Command Prompt ကိုပိတ်ပီး Restart လုပ်ပေးလိုက်ပါ..။


ဒီလို လုပ်ကြည့်ရုံနဲ့ အကုန်လုံး အဆင်ပြေသွားမယ်လို့ မဆိုလိုပါဘူး..။ ဆိုလိုတာက  Windows Resource Protection Could Not Start The Repair Service ဆိုပီး ဒီလို Message များပေးလာခဲ့မယ်ဆိုရင်တော့  နောက်ထပ် Post တစ်ခု ရေးပေးပါ့မယ် ..။ စာဖတ်သူတို့ အတွက် တစ်စုံတရာ အထောက်အကူ ဖြစ်စေခဲ့တယ်ဆိုရင် ကျေနပ်မိမှာပါ..။



(ကျွန်တော် ရေးသမျှ Post တွေကို စာဖတ်သူတို့ရဲ့ G-Mail ထဲက နေလည်း တစ်ခါတည်းဖတ်လို့ရပါတယ်...။ အဲဒီလို ဖတ်ချင်ပါတယ် ဆိုရင်တော့  ဘေးဘက်က Follow By Email မှာ စာဖတ်သူတို့ လိပ်စာထည့်ပီး Summit လုပ်ပေးခဲ့ပါ..။ ကျေးဇူးတင်ပါတယ်..။)


အဆင်ပြေကြပါစေ

မျိုးကို

Tuesday, 31 July 2012

Avast AntiVirus ကို Disable လုပ်နည်း

တစ်ခါ တစ်လေ ကိုတို့ ကွန်ပျူတာမှာ ဆော့ဝဲ တွေ Install လုပ်ပီး ( ဖူးဗားရှင်း ) လုပ်ကြတဲ့အခါ ( Antivirus ) ကိုပိတ်ထားရတဲ့ အခါမျိုးမှာ ကို Run ထားတဲ့ Antivirus ကို ခဏ ပိတ်ထားရတဲ့ အခါမျိုးကို မလုပ်တက်သေးသော သူများ အတွက် ပြန်လည်မျှဝေလိုက်ပါတယ်...။

Avast ကို Disable လုပ်တဲ့ နည်းလေးပါ


1. Avast Icon ကို Click နှိပ်လိုက်ပါ..။

2. Setting ကိုသွားပါ..။

3. Left Pane ထဲက Troubleshooting ကိုသွားပါ..။

4. Enable Avast! Self defense module ကို အမှန်ခြစ်ဖြုတ်ပါ ...။ ဒါဆိုရင်တော့ သူက Virus ၀င်ရောက်နိုင်ကြောင်း Warning ပေးမှာပါ..။

နောက်ထပ် Box လေးတွေ ပေါ်လာရင် OK ကိုနှိပ်ပါ..။ System Tray ထဲမှ Icon ကို Right Click နှိပ်ပီး Stop On-Access protection ကို Click နှိပ်ပါ...။ နောက်ထပ် Box ပေါ်လာရင် Click လုပ်ပါ...။

အားလုံးအဆင်ပြေကြပါစေ

မျိုးကိုကို
freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/

Wednesday, 11 July 2012

Slim Drivers

Software တွေ အတွက် Updates တွေကို ရှာဖွေ ရတဲ့ အခါ တကယ်ကို ငြီးငွေ့ စရာကောင်းမှာပါနော်..။ အချိန်တွေ ကြာလာတာနဲ့ အမျှ Driver တွေကို ပုံမှန် Update မလုပ်တော့လဲ System ရဲ့ Performance ကလည်း ကျဆင်းလာပါတယ်...။ Error တစ်ချို့ကြောင့်လဲ Process လုပ်ရတဲ့ အချိန်တွေကလည်း အဓိက ပြသာနာ တစ်ခု ဖြစ်လာပါတယ်..။တစ်ခါတစ်လေ တော့လည်း ပြသာနာတွေကို ရှာဖွေ မဖော်ထုတ်နိုင်ဘူး..။ အဲလိုမျိုး ဆိုရင် အရာအားလုံးကို Auto လုပ်ပေးသွားမယ့် အရာ ဆိုရင်တော့ ကျွန်တော်တို့ ပိုမို သဘောကျမိမှာပါ..။ အရာအားလုံးကို ပိုမို ရိုးရှင်းစေဖို့ အတွက် Slim Drivers-Beta ဆိုတဲ့ Tool လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်..။

သူကတော့ Free Tool လေးပါ ..။ Driver တွေကို Update လုပ်ဖို့ အတွက် Driver Scanner တို့ ၊ Driver Reviver တို့ ၊ Driver Checker တို့ စတဲ့ Full Version သုံးလို့ ရတဲ့ ၀ဲတွေ အများကြီး ရှိပေမယ့် ဒီ Free Tool လေးက သူ့ရဲ့ Feature လေးတွေနဲ့ သူ အသုံးတည့်စေပါတယ်..။ သူကတော့ System အတွက် လိုအပ်တဲ့ Update တွေကို လုပ်ဖို့ပါတဲ့ ...၊၊ သူက Hardware, Programs တွေနဲ့ Application တွေအတွက်လိုအပ်တဲ့ Update ကိုရှာဖွေမှာပါ..။


သူရဲ့ Home Page ကတော့ System နဲ့ ပတ်သက်တာတွေကို ပြနေပီး Start Scan လုပ်ပေးရမှာပါ..။ Software Update မလုပ်တာ ကြာတာနဲ့ အမျှ အချိန် အနည်းငယ် ကြာမှာပါ...။ Scan ပီးတဲ့ အခါတော့ လိုအပ်တဲ့ Outdated Software တွေကိုပြပီးတော့ Download တစ်ခါတည်းရယူနိုင်မှာပါ..။


သူရဲ့ ထူးခြားမှုလေးကတော့ Update များအပြင် Hardware Driver တွေကို Uninstall လုပ်ဖို့ ထောက်ပံ့ထားမှုပါ..။ အပေါ်ပိုင်းက Uninstall ဆိုတဲ့ Tab ကိုနှိပ်လိုက်ပီး Drivers တွေကို ရွေးရမှာပါ..။ သေချာဖို့ လိုတာကတော့ Error တွေကိုဖန်တီးနေတဲ့ Driver ဟုတ်ရဲ့လား ၊ တကယ်ပဲ နောက်ထပ် အသုံးမလိုတော့ပါဘူးဆိုတဲ့ Driver လားဆိုတာ သေချာရင်တော့ Uninstall ကိုနှိပ်လိုက်ရုံပါ..။



Driver တွေကို Scan လုပ်တဲ့ အခါမှာနဲ့ Outdated တွေကို ဒေါင်းတဲ့ အခါ Internet Connection လိုအပ်သလို ၊ Auto Update လုပ်စေဖို့ schedule လုပ်ထားနိုင်သလို တစ်ခြား features လေးတွေလည်း ရှိနေပီး free လည်းသုံးလို့ ရတဲ့ ဒီ Tool လေးကို စမ်းသပ်ချင်ရင်တော့ သုံးကြည့်နိုင်ပါတယ်..။

ကိုယ်တိုင် မဖြေရှင်း နိုင်တဲ့ ပြသာနာတွေ ဆက်လက်ရှိနေသေးတယ်ဆိုရင်တော့ ထုတ်လုပ်သူကို အဲဒီ ပြသာနာကို Submit လုပ်ပေးနိုင်ပါတယ်..။ System ရဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ နဲ့ Update လုပ်ဖို့ အတွက် စမ်းသပ် သုံးစွဲ ကြည့်ချင်ရင်တော့ ယူလိုက်ပါ...။ သူ့ရဲ့ Home Page မှာလည်းလေ့လာ လို့ရပါတယ် ..။



Here


အဆင်ပြေကြပါစေ

မျိုးကိုကို


Tuesday, 3 July 2012

Computer ရဲ့ Model Number ကိုကြည့်ချင်ရင်ဖြင့်

ကိုသုံးတဲ့ ကွန်ပျူတာ ရဲ့ Model Number ကို သိချင်ရင် Command Prompt ကနေ ကြည့်တဲ့နည်လေးပါ..။

လုပ်ကြည့်ချင်ရင်

1. Win Key + R ကို နှိပ်ပါ။ ပီးရင် cmd လို့ ရိုက်ထည့်ပီး Enter ခေါက်ပါ..။


2.wmic csproduct get name လို့ ရိုက်ပီး Enter ခေါက်လိုက်ရင် လိုချင်တဲ့ အမည်ကို ရပါပီ..။




အဆင်ပြေကြပါစေ

မျိုးကိုကို

Monday, 2 July 2012

Computer ရဲ့ Serial Number ကိုကြည့်ချင်ရင်ဖြင့်

ကိုသုံးတဲ့ ကွန်ပျူတာ ရဲ့ Serial Number ကို သိချင်ရင် Command Prompt ကနေ ကြည့်တဲ့နည်လေးပါ..။

လုပ်ကြည့်ချင်ရင်

1. Win Key + R ကို နှိပ်ပါ။ ပီးရင် cmd လို့ ရိုက်ထည့်ပီး Enter ခေါက်ပါ..။


2. wmic bios get serialnumber လို့ ရိုက်ထည့်ပီး Enter ခေါက်လိုက်ရင် လိုချင်တဲ့ Serial ကို ရပါလိမ့်မယ်..။




အားလုံးအဆင်ပြေကြပါစေ

မျိုးကိုကို

Saturday, 30 June 2012

Excel Password တွေကို Remove လုပ်ဖို့

Excel File တွေကို Password ပေးခဲ့ပီး မေ့သွားလို့ ပြန်ဖြုတ်ဖို့ အတွက် Software တွေနဲ့ အဆင်မပြေဘူးဆိုတဲ့ G Talk က ညီတစ်ယောက်အတွက် Website တစ်ခု လမ်းညွှန်လိုက်ပါတယ်..။ Excel File တွေကို Password ပေးခဲ့တဲ့ အခါ အောက်ကလို ပုံမျိုးလေး ပေါ်လာမှာပါ..။ တစ်ချို့သော Software တွေက Format တစ်ချို့ ကို Support မလုပ်ပေမယ့် ဒီဆိုက်ကတော့ Version တိုင်းအတွက် အဆင်ပြေပါတယ်..။ License Key လိုအပ်ပေမယ့် Demo File ကိုပြန်ဒေါင်းရုံနဲ့ အားလုံးအဆင်ပြေစွာ ပြန်လည်သုံးစွဲ နိုင်ပါတယ်..။ မိနစ်ပိုင်းအတွင်း အရေးကြီး File များကို ပြန်လည် ရယူနိုင်ပါတယ်...။


1. အောက်ပါပုံလေးမှာလို Decrypt your file ကိုနှိပ်လိုက်ပါ..။


2.Browse ကိုနှိပ်ပီး File ထည့်ပါ။


3.Remove လုပ်ချင်တာလား ..။ Recover လုပ်ချင်တာလားပြောပါ..။


4.Free သုံးတာမို့ Demo File ကို ပြန်ဒေါင်းလိုက်ရင်ပဲ ပြင်ဆင်ဖြည့်စွက်ခွင့် ရှိပါပီ...။


ဒီလိုမှ အဆင်မပြေသေးလို့ Free Word Excel Recovery လေးသုံးကြည့်ချင်တယ်ဆိုရင်တော့


ဒီဆိုက်လေးမှာ ဒေါင်းလိုက်ပါ


အဆင်ပြေကြပါစေ

မျိုးကိုကို


Wednesday, 27 June 2012

Google မှာ Crack ,Path ,Keygen ရှာနည်း


ကိုတို့ရဲ့ လိုအပ်ချက်နဲ့ အသုံးလို တဲ့ Software တွေကို ရှာဖွေတဲ့ အခါ ဖူး ဗားရှင်း အဖြစ် သုံးနိုင်စေဖို့ အတွက် Crack ,Patch,Keygen တွေနဲ့လုပ်ဆောင်ကြတယ်ဆိုတာကိုတော့ ပြောစရာ မလိုလောက်တော့ပါဘူး..။ အသုံးတဲ့ စေမယ်လို့ ထင်လို့ crack, serial, keygen တွေကို Google မှာကိုယ်တိုင်ရှာချင်သူတွေအတွက် ကို မြတ်သစ္စာ ရေးခဲ့တဲ့ ရှာနည်းလေးကို မသိသေးတဲ့ သယ်ငယ်ချင်းတို့ အတွက် တစ်ဆင့် ပြန်လည် မျှဝေလိုက်ပါတယ်..။

ရှာနည်းက search engine မှာ ရှာချင်တဲ့ software အမည်ကို double inverted comma လေးခံပြီး space လေးခြားပြီး 94fbr လို့ရိုက်ပြီ enter ခေါက်လိုက်ပါ။ crack ,keygen, serial တွေကျလာပါမယ်တဲ့ ကိုယ်အဆင်ပြေတဲ့ ဆိုဒ်ကို ရွေးပြီးသွားဒေါင်းလိုက်ယုံပါပဲတဲ့ဗျာ..။ ကိုမြက်သစ္စာကို ဒီနေရာလေးကနေကျေးဇူးတင်ပါတယ်..။

ဥပမာပုံလေးတွေကို ကြည့်နိုင်ပါတယ်


ဒီလိုလေးတွေ ပေါ်လာပါမယ်



Source:

မြတ်သစ္စာ

www.edinooyin.com

Monday, 25 June 2012

Window အတက် မြန်ဆန်စေဖို့

ကွန်ပျူတာ ရဲ့ Window အတက်မှာ အရမ်း ကြာပါတယ်ဆိုတဲ့ သူငယ်ချင်းတို့ အတွက် ဒီနည်းလေးကလည်း Window အတက် ပိုမို မြန်ဆန်စေဖို့ အတွက် ပြင်ဆင်ရမယ့် နည်းလေး တစ်ခု ဖြစ်မှာပါ..။ မသိသေးသူများ အတွက်ပါ ..။

စမ်းသပ်လုပ်ဆောင်ကြည့်ချင်ရင်ဖြင့်

1 Start ကနေပီး Computer ရဲ့ Properties ကိုသွားလိုက်ပါ..။


2.System Properties ကိုရောက်တဲ့ အခါ ဘယ်ဘက်ခြမ်းက Advanced System Settings ကိုသွားပါ..။


3.ပေါ်လာတဲ့ Window က အောက်ဆုံးက Startup and Recovery အောက်က Setting ကိုသွားပါ..။


4 နောက်ဆုံးပြင်ဆင်ခွင့် ရှိတဲ့ နေရာလေးကိုရောက်တဲ့အခါမှာ Time to display list of operating systems ရဲ့ Loading လုပ်ချိန် Second တွေကို စိတ်ကြိုက်ပြောင်းလဲပြင်ဆင်ကြည့်ပီး စမ်းသပ် ကြည့်နိုင်ပါတယ် ...။



အားလုံးအဆင်ပြေကြပါစေ

မျိုးကို

Sunday, 24 June 2012

Driver Version ကိုကြည့်နည်း

ကိုယ့်ရဲ့စက်မှာ သုံးထားတဲ့ Driver Version တွေကို သိချင်တဲ့ သူများအတွက်ပါ ဒီနည်းဟာ ကိုယ့်စက်မှာ သုံးထားတဲ့ Driver တွေကို ဒေါင်းဖို့ နဲ့ Update လုပ်ဖို့ အတွက် အသုံးဝင်စေမှာပါ ..။

ကြည့်နည်းလေးကိုသိချင်ရင်တော့

1. Start က နေပီး Control Panel ကိုသွားလိုက်ပါ..။


2. Control Panel မှာတော့ Device Manager ကို ရှာရမှာပါ..။ Panel အတွင်းမှာတော့ ကိုယ့် ကြည့်တဲ့ View ပေါ်မူတည်ပီး ပုံစံ ပြောင်းလဲနေပါလိမ့်မယ် ...။ Device Manager ကို ရှာပါ..။


3. ပုံမှာလို Window ပွင့်လာပီဆိုရင်တော့ ကို ကြည့်ချင်တဲ့ Device ကိုရွေးလိုက်ပါ...။Properties ကိုသွားလိုက်ပါ...။


4.ပေါ်လာတဲ့ Window က Driver Tag မှာ Driver Version ကိုကြည့်နိုင်သလို Update လည်းလုပ်နိုင်ပါတယ် ..။




အားလုံးအဆင်ပြေကြပါစေ

မျိုးကိုကို
freshest5@gmail.com
Technique & Translate
8JAN2012-004
www.nayzawlin.com
myokokyaw@nayzawlin.com
http://myokokyaw.blogspot.com/

Tuesday, 12 June 2012

Registry ကို Backup လုပ်နည်း


ကွန်ပျူတာ ရဲ့ The Heart of the Computer Registry လို့ တင်စားထားတဲ့ Registry ကို  ပြုပြင်တော့မယ်ဆိုရင်     Something Wrong       ဖြစ်ခဲ့မယ်ဆိုရင် Windows မတက်ထိ      ဖြစ်နိုင်တာကြောင့် Back Up လုပ်ထားသင့်တယ်ဆိုတာ ကွန်ပျူတာ User တိုင်းသိကြမှာပါ ..။ ဒါကြောင့် Registry ကို Back Up လုပ်ဖို့ အတွက် များစွာသော  Program တွေရှိပေမယ့် Window 7 ရဲ့ ရှိးရှင်းတဲ့ နည်းလေး နဲ့လည်း လုပ်ဆောင် နိုင်ပါတယ်..။ 

လုပ်ကြည့်ချင်ရင်ဖြင့်

1. Window Key +  R ကို နှိပ်ပီး regedit လို့ ရိုက်ပီး OK လိုက်ပါ..။


 

2. အောက်ကလို Box လေးကျလာတဲ့ အခါမှာ File က Export ကိုသွားပါ..။

 



3.အောက်ပါ ပုံလို ဘယ်နေရာမှာ Save မှာလည်းဆိုတာ ရွေးပီး အမည်ရေးပါ .. ။






4.ဒါဆိုရင်တော့ Back Up လုပ်ထားတဲ့ File လေးကို အောက်က ပုံမျိုးလေးလို ရပါပီ..။ 






ပြန်ပီးတော့ Restore လုပ်ချင်ရင်တော့ ဒုတိယ မြောက်ပုံ ရဲ့ Export အပေါ်ကနေပီး Import ကိုနှိပ်ပီး အထက်ကလို File လေးထားခဲ့တဲ့ နေရာကို Browse လုပ်ပေးရုံပါ ...။



အားလုံးအဆင်ပြေကြပါစေ

မျိုးကို 

Monday, 11 June 2012

ကွန်ပျူတာ မြန်ဆန်စေဖို့ နည်းလမ်းများ


ကွန်ပျူတာ ကို မြန်ဆန်စေဖို့ အတွက် အမှိုက်တွေကို Run ကနေ ရှင်းတဲ့ နည်းလေး တွေပါ..။ အများစု ကတော့ သိပီးဖြစ်မှာပါ ..။ 


လုပ်နည်းလေးတွေကတော့ 

Window Key  နဲ့ R ကို တွဲနှိပ်လိုက်ပီး Run Box မှာ အောက်မှာပေးထားတဲ့ Run Commend တစ်ခု ချင်းစီ ကို ရိုက်ထည့်ပီး Enter ခေါက်ပါ ..။ ပေါ်လာ သမျှကို Select All လုပ်ပေးပီး Delete လုပ်ပစ်လိုက်ပါ .။ တစ်ချို့သော File တွေ ကတော့ ဖျက်လို့ ရမှာ မဟုတ်ပါဘူး ..။ အဲဒါ ဆိုရင်တော့ Skip လုပ်ပေးလိုက်ပါ ..။ Run commend လေးတွေကတော့ 

1.   temp 
2.  %temp%
3.  prefetch
4.  recent 

နောက်တစ်နည်းကတော့

5 cleanmgr   လို့ ရိုက်လိုက်တဲ့ အခါမှာ အောက်ကလို ပုံမျိုးလေး ပေါ်လာမှာပါ ..။ အဲဒီ မှာ ကို ရှင်းချင်တဲ့ Drive ကို Drop down ကနေ ရွေးလို့ရပါတယ်..။ပီးရင် OK လိုက်ပါ..။




အောက်ကလို ပုံမျိုးလေးနဲ့ ရေတွက်နေမှာပါ ..။
 



နောက်ဆုံးမှာ ဒီလို ပုံမျိုးလေး       ပေါ်လာပီးဆိုရင်     အမှန်ခြစ်လေးတွေ     ပေးပီး OK ပေးလိုက်ပါ..။ နောက်ထပ် Box တွေ ပေါ်လာရင်လည်း Delete ပေးလိုက်ပါ ..။

 

6 . နောက်တနည်းကတော့ disk defragment  လုပ်တဲ့နည်းလမ်းပါ..။ ကွန်ပျူတာ ထဲမှာ ရှိတဲ့ File တွေကို စနစ်တကျ ပြန်လည် နေရာချထားပေးတယ်..။

Start >>> Accessories >>> System Tools >>> Disk Defragmenter

 ကိုရွေးပီး ပေါ်လာတဲ့ Box မှာ Disk တွေကို ရွေးပီး Defragment Disk လုပ်ပေးလိုက်ပါ..။


  ဒီလိုလေး တစ်နေ့တစ်ခါလောက်လုပ်ပေးရင် အရင် ကထက်တော့ သွက်လက်လာမှာပါ ...


အဆင်ပြေကြပါစေ


မျိုးကို


Sunday, 10 June 2012

Auto Play ပိတ်နည်း ( For Window 7 )


ကိုတို့ရဲ့ ကွန်ပျူတာမှာ Virus တွေကို ကာကွယ်တဲ့ နေရာမှာ Auto Play ကို ပိတ်ထားတဲ့ နည်းကလည်း တစ်ခု အပါအ၀င်ပါ ..။ အဲဒီ Auto Play ကို Window 7 မှာ ရိုးရှင်းတဲ့ ပိတ်နည်းလေးကို ပြောပြချင်ပါတယ်..။

Auto Play ဆိုတာကတော့ ကိုယ့်တို့ စက်ထဲကို Memory Stick တို့ ၊ Hard Drive ၊ CD  DVD တို့ ထည့်လိုက်တဲ့ အခါမှာ အောက်က လို ပုံမျိုးလေး တက်လာတာကို ပြောတာပါ..။

 

အဲဒါကို ပိတ်ထားချင်တယ်ဆိုရင်တော့

1. Start က Search မှာ Auto Play လို့ ရိုက်ပီး ရှာလို့ ရသလို Control Panel မှာ ရှာလည်းရပါတယ်..။



2. အောက်ကလို ပုံလေးပေါ်           လာပီးဆိုရင်တော့             ပုံမှာ        ပြထားသလိုလေး အမှန်ခြစ်  လေး ဖြုတ်ပေးပီး Save လိုက်ရင် ရပါပီ..။





အဆင်ပြေကြပါစေ

 
မျိုးကိုကို



Friday, 18 May 2012

Window အတက်မှာ Dual Boot ကိုဖယ်ရှားနည်း

နည်းပညာလေးတွေကိုစိတ်ဝင်စားလို့ လေ့လာဖြစ်ရင်း တွေ့ရှိခဲ့တာလေးတွေ ပြန်လည်ရေးမှတ် ထားမိပါတယ် ဒီတစ်ခါတော့ ကိုယ်တို့ ရဲ့ ကွန်ပျူတာမှာ Window ကို  Partition  နှစ်ခု ပိုင်းပီး Window တင်းဖူးတဲ့ သူတွေမှ တွေ့ဖူးမှာပါ..။ အဲလိုမျိုး Window ကို Partition နှစ်ခုပိုင်းပီး Window တင်ထားတယ်ဆိုရင်  Window ကို စတက်တဲ့ အခါမှာ ဘယ် Window ကို သုံးမှာလဲ လို့မေးတဲ့ Boot Screen တစ်ခု ပြမှာပါ..။အဲဒီ အခါမှာကိုသုံးချင်တဲ့ Window ကို Highlight လုပ်ပီး Enter ခေါက်ကြရမှာပါ..။အဲလို Window နှစ်ခု မသုံးချင်တော့လို့ တစ်ခုကိုပြန်ဖြုတ်ချလိုက်တဲ့ အချိန်မှာWindow နှစ်ခု  ရှိမနေတော့ဘူးဆိုရင်တောင်;Window                 ရွေးချယ်ခိုင်းတဲ့ Boot Screen ကြီး ပြနေသေးတယ်ဆိုရင်တော့ ဒီလို နည်းလေးနဲ့ ကိုယ်တိုရဲ့ မူရင်းတစ်ခုတည်းကလို ပုံမှန် Window တက်နေကြအတိုင်းပဲ                       ပြန်တက်နိုင်စေမှာပါ ..။              ဒီလို နည်းလမ်းကတော့ အသုံးနည်းကျလိမ့်မယ်လို့ တော့ ထင်ပါတယ်..။ အသုံးတဲ့လို့ သုံးစေခဲ့ရင်တော့...။




အပေါ်ကလို ပုံမျိုးတက်လာတာမျိုးကို ပြောတာပါ...။


 အဲလို မျိုးဖြစ်တဲ့ အခါမှာ ပြန်ပီးဖြုတ်ချဖို့ အတွက် အောက်က အတိုင်းလုပ်ကြည့်လိုက်ပါ..။
 


1. အပေါ်ကပုံလို  Window logo + R ကို နှိပ်လိုက်ပါ..။  ပီးရင် msconfig လို့ ရိုက်လိုက်ပီး OK လိုက်ပါ..။အောက်ကလို့ ပုံမျိုးလေး ရမှာပါ ..။ 
 

အင်တာနက်က ရှာထားခဲ့ပုံလေက အောက်ကလို ပုံမျိုးဖြစ်နေမှာပါ..။ ပုံမှန်ကတော့ အဲလို Window နှစ်ခု တင်ပီး ဖြုတ်ချခဲ့ရင် အောက်ကပုံလို Dual Boot Option ရှိနေမှာပါ..။ 




အဲဒီနေရာကိုရောက်ပီ ဆိုရင် ကိုတို့ မသုံးချင်တော့ တဲ့ Window ကို Select ပေးပီး Delete လုပ်လိုက်ရုံပါ..။



အဆင်ပြေကြပါစေ

မျိုးကိုကို

Saturday, 5 May 2012

Word 2010 က Gradient Fills ကိုသုံးပီး Text လေးတွေကို အလှဆင်ရအောင်

Gradient Fills က ကျွန်တော်တို့ ကမ္ဘာပေါ်ကစိတ်ဝင်စားစရာအကောင်းဆုံးတော့ဟုတ်ချင်မှာ ဟုတ်မှာပါ...။ ဒါပေမယ့်  ကျွန်တော်တို့ ရဲ့ dreary document လေးတွေကိုတော့ တကယ်ကို  အလှဆင်နိုင်ပါတယ်..။   Gradient Fills ကို သုံးပီး လုပ်ဆောင်နိုင်တာလေးတွေကို        လေ့လာနေ               ပါတယ်ဆိုရင်တော့ Word 2010 ကလည်းလေ့လာစရာတစ်ခု လို့ ပြောရမှာပါ...။

Gradient Fill ဆိုတာကတော့ Text ကလေးတွေမှာ Color အရိပ်ကလေးတွေ ရှိနေတာမျိုး များသောအားဖြင့် အလင်းက အမှောင် ၊ အမှောင်က အလင်း Color ကလေးတွေ တစ်နေရာနဲ့ တစ်နေရာ မတူညီပဲ ရှိနေတာမျိုးပါ..။

လျှောက်ပြောကြည့်တာပါ..။မှားရင် ပြင်ပေးပါအုံး ...။

1. Blank Document လေးတစ်ခု ဖွင့်လိုက်ပါ..။ ကိုရေးချင်တဲ့ စာလေး ရေးလိုက်ပါ..။ ကျွန်တော်ကတော့ Testing the Gradient Fill လို့ရေးလိုက်ပါတယ်..။

2.ဒုတိယစာကြောင်းကို Highlight လုပ်လိုက်ပါ..။ Font Color Icon လေးကို Click လုပ်လိုက်ပါ...။ Color တစ်ခုကိုရွေးလိုက်ပါ။ Red ကို ရွေးလိုက်ပါမယ်..။ခုအချိန်မှာ  Sentence အားလုံးရဲ့ စာလုံးလေးတွေဟာ အနီရောင်ဖြစ်နေမှာပါ.။ 



တစ်ခါတော့ Gradient Fill ဆိုတာကို ရွေးပါမယ်...။


အနက်ရောင် အလယ်လေးနဲ့ရွေးကြည့်ပါမယ်...စာလုံးလေးတွေရဲ့ အလယ်မှာ တစ်ခုနဲ့ တစ်ခုနီးကပ်ပီး ပုံးလေး လို ရမှာပါ...။


2.တတိယ                မြောက်စာလုံးလေးကို        Highlight     လုပ်ပေးပါ...။ဒီတစ်ခါတော့ Color ရွေးမယ့်အစား Gradient က More Gradient ကိုရွေးလိုက်ပါ...။


နောက်ထပ် ထပ်နှိပ်လိုက်ပါ...။ Gradient Fill ကိုသွားလိုက်ပီး  Preset Color ကိုနှိပ်ပါ. ဒီလိုလေး ရမှာပါ...။


Color Bar ပေါ်က Segment လေးတွေဟာ သူ့ အပေါ်မှာ Click နှိပ်လိုက်ရင် ရပါတယ်..။
 

Preset Color က              ကျွန်တော်က         မြှားပြတဲ့ Color လေးကို ရွေးလိုက်တဲ့ အခါ Text လေးက အောက်ကလို ပုံမျိုးလေး ရပါပီ...။ 


Color Bar          ပေါ်က      Segment   လေးတွေကို ကိုယ့်စိတ်ကြိုက်ပြောင်းလဲ သုံးစွဲ သုံးစွဲနိုင်ပါတယ်..။ သူရဲ့ Right Side ဘက်မှာ ရှိနေတဲ့ Format လေးတွေနဲ့လည်း 
သုံးစွဲ နိုင်ပါတယ်..။ 


ဒီပုံလေးက တော့Text Outline ရဲ့ ပုံလေးပါ...။ 


ဒီပုံကတော့ Outline Style ရဲ့ပုံပါ...။ 


 ဒီပုံကတော့ Reflection ရဲ့ ပုံလေးပါ..။ 


ဒီပုံးလေးကတော့ Glow and Soft Edges ရဲ့ ပုံလေးပါ...။ 




ကျန်တဲ့ Features လေးတွေကိုတော့ လိုသလို ပြောင်းလဲ စမ်းသပ်ကြည့်နိုင်ပါတယ်...။

အားလုံးအဆင်ပြေကြပါစေ

မျိုးကိုကို