Popular Posts

Saturday 4 February 2012

Video ထဲက ပုံလေးတွေကို Image အဖြစ်လုပ်ချင်ရင်





Link


Screen ပေါ်က ပုံလေးတွေကို ဓါတ်ပုံရိုက်တာ ကတော့ User အများစု အတွက် အရမ်းကို လွယ်ကူတဲ့အရာတစ်ခုပါ။ ဒါပေမယ့် Video ကိုကြည့်နေစဉ်မှာ ဓါတ်ပုံရိုက်တဲ့ အခါတော့ တကယ်ကို စိတ်ညစ်မိပါတယ်။ ဒီလိုရည်ရွယ်ချက်အတွက် အသုံး တဲ့ကောင်းတဲ့မယ့် Utility လေးတွေ တော့ အများကြီး ရှိမှာပါ။တစ်ခါတစ်လေတော့လည်း အမဲကွက်ကြီး ပဲထင်နေမယ်ဆိုရင်တော့ တကယ်ကို စိတ်ပျက်မိမှာပါ။ကျွန်တော်တို့ တွေလည်း Window Program အများစုမှာ Video ကိုကြည့်နေစဉ်မှာ ဓါတ်ပုံ ရိုက်ဖို့ Option မပါဘူးဆိုတာကိုတွေ့ရှိကောင်းတွေ့ရှိမှာပါ။ ဒါဆိုရင်တော့ Program သေးသေးလေး တစ်ခုလောက် ရှိရင်တော့ ကောင်းမလားလို့ပါ။


ဒီ Video Image Grabber လေးက ဆိုက်လည်းသေးတယ်။ သုံးရတာလည်းလွယ်ကူတယ်၊ အသုံးဝင်ပြီး၊ Video ကိုကြည့်နေစဉ်မှာ ဓါတ်ပုံရိုက်ဖို့ အတွက် Free လည်းရတဲ့ Portable Application လေးပါ။ဒီလေးကို သုံးပြီး Video ကပုံတွေကို ဓါတ်ပုံရိုက်ကြည့်ပါ။အရမ်းကို လွယ်ကူပါတယ်။


Install လုပ်ပီးတဲ့အခါ တိုက်ရိုက် Run လိုက်ပါ။ ကျွန်တော်တို့ရဲ့ System ပေါ်မှာ Window Media Player နဲ့ Play တဲ့ ဘယ် Video ကိုမဆိုလွယ်ကူစွာနဲ့ ဓါတ်ပုံရိုက်ခွင့်ပြုပါတယ်။


ကိုယ့်ရဲ့ Presentation နဲ့ Document တွေထဲမှာ Video ဖိုင်က ဓါတ်ပုံတွေ ကိုပါဝင်နိုင်စေဖို့ မကြာခဏ ဆိုသလိုလိုပါတယ် ဆိုရင်တော့ အဆင်ပြေမှာပါ။ယေဘုယျ မှန်ကန်ပါတယ်လို့ပြောရမလား။ကျွန်တော် လိုပဲ Video Scene တွေကို တစ်ခြား Program တစ်ခုနဲ့ ဓါတ်ပုံရိုက်ရင် Screen မည်းမည်းကြီးဘဲ ဖြစ်ဖြစ်သွားပါတယ်ဆိုရင်တော့ ဒါလေးနဲ့သုံးကြည့်ပါ။


သူက MPEG , AVI, DivX, Xvid, WMV Format တွေ အပြင် တစ်ခြား များစွာသော Format တွေကိုလည်း Play လို့ရပါတယ်။ မရတာတွေလည်းရှိပါတယ်။ ပုံလေးကိုတော့ ကိုလိုချင်သလို လေး Video ကို Position လေးပြောင်းထားပေးပါ။ရိုက်ဖို့အတွက်ကတော့ Camera Button လေးကို နှိပ်လိုက်ပါ။ ပြီးရင် ထားဖို့နေရာလေးကိုလဲ ရွေးချယ်ခွင့်ပြုမှာပါ။ပြီးရင်တော့ Save လိုက်ပါ။


ကဲထပ်ပြောရရင်တော့ ဒါလေးဟာ ကိုယ့်ရဲ့ Favorite Video လေးတွေထဲက ပုံလေးတွေကို ဓါတ်ပုံရိုက်ယူချင်ပါတယ် ဆိုရင် တော့ တကယ်ကို အသုံးပြုရအဆင်ပြေမယ့် Utility သေးသေးလေးဖြစ်မှာပါ။


လိုချင်ရင်တော့ ဒီမှာ ယူပါ.

အားလုံးအဆင်ပြေကြပါစေ
မျိုးကိုကို


0 comments:

Post a Comment