Popular Posts

Friday 3 February 2012

အသုံးမလိုတဲ့ Software File တွေဖျက်ချင်ရင်




ကျွန်တော် တို့ရဲ့ ကွန်ပျူတာမှာ Software အသစ် အသစ်တွေကို Install လုပ်လာတာနဲ့ အမျှ Processor နဲ့ Memory သုံးပြီး ဒီ Software တွေက ဖန်တီးလိုက်တဲ့ File တွေကြောင့် ကျွန်တော်တို့ရဲ့ ကွန်ပျူတာ လဲ လေးလေးလာတယ်နော်။သူတို့ တွေကို ဖယ်ရှားပစ်နိုင်ရင်တော့ ကောင်းမှာပါ။ဒါပေမယ့် လည်း ဘယ် File ကို ဖယ်ရှားဖို့ လိုတယ်ဆိုတာ ကျွန်တော်လို ကွန်ပျူတာနဲ့ သိပ်ပြီးတော့ မရင်းနှီးတဲ့ သူအတွက်တော့ဘယ်လိုသိနိုင်မှာလဲ။


ဒါဆိုရင်တော့ အသုံးမလိုတဲ့ File တွေကို ဖယ်ရှားလို့လည်းရပြီး ကျွန်တော်တို့ရဲ့ PC ကိုရှင်းလင်းပေးမယ့် ဒီ Portable Utility လေးနဲ့မိတ်ဆက်ပေးမလို့ပါ။

သူ Clean up လုပ်ပေးတာတွေက အများကြီးပါ မရေးတော့ပါဘူး။ Run ကြည့်လိုက်ပါ။သူက Color လေးတွေနဲ့လည်း ဖော်ပြပေးပါတယ်။


1.အစိမ်းရောင် လေးကတော့ ဘာမှာ မရှိပါဘူးတဲ့။
2.အနီရောင် ကတော့ တစ်ခု ဒါမဟုတ် တစ်ခုထက်ပိုတဲ့ File တွေကိုတွေ့ပါတယ်တဲ့။
3.အပြာရောင် ကတော့ Registry နဲ့ System Function တွေကို Clean Up လုပ်ဖို့ပါ။

သူတို့အပေါ်လေးတွေ ကို Mouse နဲ့ထောက်ကြည့်ရင်လည်း Hover လေးမှာ ပြောမှာပါ။Portable လေးမို့ Registry လည်းရေးမှာမဟုတ်ပါဘူး။သုံးချင်ရင်တော့ စမ်းကြည့်လိုက်ပါ။

Run ပြီးလို့ Program ကရှာပြီးသွားရင် ပုံမှာပြထားသလို Cleanup ဆိုတဲ့ Button လေးကို နှိပ်ရမှာပါ။

လိုချင်ရင်တော့ ဒီမှာ ယူလိုက်ပါ.



အားလုံးအဆင်ပြေကြပါစေ
မျိုးကိုကို


0 comments:

Post a Comment