Popular Posts

Saturday 4 February 2012

ဓါတ်ပုံတွေကို နောက်ခံသီချင်းတွေနဲ့ DVD Slideshow ဖန်တီးမယ်






ဒီနေ့ သူငယ်ချင်းများအတွက် မိမိဓာတ်ပုံလေးတွေကို Effect လေးတွေ၊နောက်ခံသီချင်းလေးတွေထည့်ပြီး DVD Slideshow ချပ်ကလေးတစ်ခုဖန်တီးနိုင်ဖို့အတွက် Wonder share DVD Slide show Builder ဆိုတဲ့ Software လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အသုံးပြုရတာ လွယ်ကူရိုးရှင်းလှတာမို့ ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ်။


(၁)အထက်ပါပုံအတိုင်းပွင့် လာသောအခါ Standard Mode နဲ့ Advanced Mode ကြိုက်ရာရွေးချယ် အသုံးပြုနိုင်ပါတယ်။ ဒီ Mode တွေက ဓာတ်ပုံတစ်ပုံနဲ့ တစ်ပုံအကူးအပြောင်းမှာ အသွင် အမျိုးမျိုးနဲ့ Slide လုပ်ပေးနိုင်တာပါ။



(၂)ဓာတ်ပုံများစွာကို တစ်ပြိုင်တည်းထည့်သွင်းနိုင်ပြီး Effect များကို Drag ဆွဲ၍ အလွယ်တကူသွင်းနိုင်ပြီး နောက်ခံသံစဉ်သီချင်းများကို မိမိ ကြိုက်နှစ်သက်ရာ သီချင်းများကို ကြိုတင်ဒေါင်းလော့လုပ်ယူ ထည့်သွင်းနိုင်ပါတယ်။မိမိနှစ်သက်ရာ Title များပါရိုက်၍ ထည့်သွင်းနိုင်ပါတယ်။



(၃)ပြုလုပ်ပြီး Slideshow အား Preview ပြန်လည်ကြည့်ရှုနိုင်ပြီး လိုအပ်သည်များကို Edit လုပ်နိုင်ပြင်ဆင်နိုင်ပါတယ်။


(၄)နောက်ဆုံးအဆင့်မှာတော့ Burn လိုလျှင် Burn ပြီး Save လိုလျှင်လည်းစက်အတွင်း ဒါမှမဟုတ် ဖုန်းအတွင်းသို့ မိမိသိမ်းလိုသည့် File Type အတိုင်း ပြောင်းလဲ၍ သိမ်းဆည်းထားနိုင်ပါတယ်။သူ့ မှာအားနည်းချက်ကလေးကတော့ Save လုပ်ရာမှာ အချိန်နည်းနည်းပေးရတာပါဘဲ။ လွယ်ကူစွာသုံးနိုင်တဲ့အတွက် အသုံးပြုပုံ အသေးစိတ်ကိုတော့ ရေးမပေးဘဲ အကြမ်းဖျင်း သာပြောပြရခြင်းဖြစ်ပါတယ်။ စမ်းသပ်သာ သုံးကြည့်ကြပါလို့ ပြောပါရစေခင်ဗျာ စိတ်ဝင်စားတယ်ဆိုရင်ပေါ့လေ။

အလိုရှိသူများက ဒီနေရာလေးမှာ ယူလိုက်ကြပါခင်ဗျာ။ Full အသုံးပြုနိုင်ရန်အတွက် Licensed E-mail နှင့် Registration Code ပါတစ်ပါတည်း ထည့်သွင်းပေးထားပါတယ်။


Sourced by www.mmcfamily.org
Taryarpwagyi



0 comments:

Post a Comment