Popular Posts

Sunday 5 February 2012

ကွန်ပျူတာ Screen ကို ဓါတ်ပုံ ရိုက်ပြီး Label လေးတွေ ထိုးရအောင်



ကျွန်တော်တို့တွေ Post လေးတွေကို Publish မလုပ်ခင်မှာ၊ ကျွန်တော်တို့ ပေးချင်တဲ့ Information လေးတွေ စာဖတ်သူတွေကို မပေးခင်မှာ ကျွန်တော်တို့ ကြုံတွေ့ရတာက Screen Shot လုပ်ရပီးတော့ ကိုယ့်ရဲ့ဆောင်းပါးလေးတွေ၊ File လေးတွေ နဲ့ Document တွေမှာ တွဲပေးလိုက်ရတာပါ။ Screen Shot လုပ်တာဟာ ခက်ခဲတဲ့ အရာ တစ်ခု မဟုတ်ပေမယ့် ပုံလေးတွေကို အသုံးမပြုခင်မှာ ကိုယ့်ရိုက်တာလေးတွေကို Modify လုပ်ဖို့တော့ လိုတယ်လေ။ဒီအတွက်တော့ Website တွေပေါ်မှာ ရနိုင်တဲ့ Utility လေးတွေ များစွာရှိမှာပါ။ဒါပေမယ့် ကျွန်တော်တို့တွေ လုပ်လိုက်တဲ့ ပုံလေးတွေကို စာဖတ်သူတို့ကို မ Share ခင်မှာ Edit လုပ်ဖို့ ၊ Modify လုပ်ဖို့ သုံးနိုင်တဲ့ Feature တွေ အများကြီးပါတဲ့ Utility လေးနဲ့ မိတ်ဆက်ပေးမလို့ပါ။

Mazio ဆိုတဲ့ ဒီ Utility လေးဟာ ကိုယ့်ရိုက်လိုက်တဲ့ Screenshot လေးတွေကို မှတ်ချက်ကလေးတွေ ထည့်ခွင့်ပေးသလို Image Repositories အဖြစ် နဲ့ လုပ်ဆောင်ခွင့်ပေးတဲ့ Website တွေကိုလည်း အချိန်တိုအတွင်းမှာ Upload လုပ်ခွင့်ပေးပါတယ်။


ဒါလေးကို Install လုပ်ပီးရင် Feature တွေ အများကြီးနဲ့ သူ့ရဲ့ Interface လေးကို တွေ့ရမှာပါ။သူ့ရဲ့ Feature တစ်ချို့ကတော့ ကိုယ်ရိုက်ချင်တဲ့နေရာလေးကို ဖျက်ရိုက်တာမျိုး ၊ Interface ထဲက Image File တွေကို Dragging နဲ့ Dropping လုပ်တာမျိုးတို့၊ New Main Screen အဖြစ်ရော Additional Image အဖြစ်ပါ Screen ပေါ်မှာ Copy ၊ Paste လုပ်ကောင်းလုပ်နိုင်သလို ပုံကိုပါ Re size လုပ်နိုင်မှာပါ။ Flickr, Skitch, Picasaweb, etc စတဲ့ Website လိုမျိုးတွေကိုပါ တိုက်ရိုက် Upload လုပ်နိုင်ပါတယ်။


Straight lines, ovals, rectangles, arrows စတဲ့ တွေကိုလည်း ဆွဲနိုင်သလို Image ရဲ့ အပိုင်းလေးတွေကိုလည်း Select လုပ်ခြင်းနဲ့ Highlight လည်းလုပ်နိုင်ပါတယ်။Photo Editor Software တစ်ချို့မှာပါတဲ့ cropping, editing shapes, magnifying lens တို့ကိုလည်း ထောက်ပဲ့ထားတာတွေ့ရပါတယ်။

Screenshot လုပ်ရာမှာ တကယ်ကို အသုံးတဲ့ စေပြီး Web တွေပေါ်ကို ပါ Upload တင်စေနိုင်တဲ့ Tool လေးလို့ မြင်မိပါတယ်။ သူ့ရဲ့ Feature လေးတွေကို စမ်သပ်သုံးစွဲ ကြည့်စေချင်တယ်ဆိုရင်တော့ ဒီမှာ ယူလိုက်ပါ။


သူ့ရဲ့ Original Download link က ဒီမှာ ပါ။


ဒါလေးနဲ့ သိပ်မရင်းနှီးသေးပါ။ စာဖတ်သူတို့ အတွက်အသုံးတဲ့ကောင်းတဲ့မယ်ဆိုရင် စမ်းသပ်သုံးစွဲနိုင်ပါတယ်။

Portable Fast Stone Capture လေးလဲထိရောက်ကောင်းထိရောက်မှာပါ။

မသိသေးသူများအတွက် တွေ့မိသမျှ ပြန်လည်မျှဝေခြင်းသာပါ။



စာဖတ်သူတို့ အတွက် ကြိုးစားလေ့လာ နေတဲ့

မျိုးကိုကို

0 comments:

Post a Comment