Popular Posts

Monday 16 January 2012

Recycle Bin Shortcut ကို Window 7 Task bar ပေါ်မှာ ထားကြည့်ရအောင်

Recycle Bin ဆိုတာ ကျွန်တော်တို့ Window User တွေ ရုတ်တရက်ဖျက်လိုက်မိတာတွေ ပြန်ရှာဖို့ ပြီးတော့ အဲဒါ တွေ ကို ပြန်ပြီး Recover လုပ်ဖို့ သုံးတဲ့ Folder တွေ ထဲက တစ်ခု ဆိုတာ သိပြီးကြပါပြီ ။ Window 7 ရဲ့ Task Bar ဟာ ကျွန်တော် တို့ မကြာခဏ သုံးဖြစ်တဲ့ Program လေး တွေကို Pin ထားဖို့ Add ထားဖို့ Favorite နေရာ လေး တစ်ခု ပါ။

လွယ်ကူလျှင်မြန်စွာ သုံးနိုင်စေဖို့ Window Task ပေါ်မှာ Recycle Bin လေး ကို Pin ထားချင်တယ်ဆိုရင် တော့ ဒီလိုလေး လုပ်ကြည့်လိုက်ပါ…


1.Desktop ပေါ်မှာ Right Click နှိပ်ပါ … New ပြီး Shortcut ကိုရွေးပါ။





2.Location အတွက်က Recycle Bin ရှိတဲ့ အောက်က path လေးကို ကူးထည့်လိုက်ပါ။ ပြီးလျှင် Next ကိုနှိပ်ပါ.

%SystemRoot%\explorer.exe shell:RecycleBinFolder





3 အမည်ကိုတော့ Recycle Bin လို့ ရေးလိုက်ပါ . ပြီးလျှင် Finish ကိုနှိပ်ပါ။





ဒါဆိုရင်တော့ Desktop ပေါ်မှာ Recycle Bin ဆိုတဲ့ ဒီလို Shortcut လေး တစ်ခု ရပါပြီ.
.



ဒါပေမယ့် သူရဲ့ Icon လေးကို ပြောင်းဖို့လို သေးတာပေါ့ …

Icon လေး ပြောင်းကြည့်ရအောင်ပါ.

1.Shortcut Icon လေးကို Right Click နှိပ်ပါ. ပြီး ရင် Properties ကိုသွားပါ…

2. Shortcut Tab အောက်က Change Icon ကို Click ပါ။




3.ဒီလိုလေး ပေါ်လာရင် အဲဒီနေရာမှာ Recycle Icon က ရှိမနေလို့ Look for Icon in this file ဆိုတဲ့ နေရာမှာ ဒီ Path ကလေး ကို ကူးထည့်လိုက်ပါ။


%SystemRoot%\system32\imageres.dll






ဆိုပြီး OK နှိပ်လိုက်ပါ…


4.ဒီလိုလေး ပေါ် လာတဲ့ ဒါဆိုရင် Recycle Icon လေး ကို ရှာပြီး ရွေးပေးလိုက်ပါ။ ပြီးရင် OK လိုက်ပါ။





ဒါဆိုရင် Recycle Icon လေးနဲ့ Shortcut လေးကို Desktop ပေါ်မှာ မြင်ရပြီနော်..





5. Task bar ပေါ်မှာ မြင်ရဖို့ Pin ထားဖို့ အတွက်ကတော့ အဲဒီ Shortcut ကို Drag ဆွဲတင်လိုက်ပါ။

6.ဒီလို လေး မြင်ရပြီ ဟုတ် ဒါဆိုရင် Task bar ပေါ်မှာ Recycle Bin ကို Pin လို့ပြီးသွားပါပြီ ။





Window က Default အနေနဲ့ ပေးထားတဲ့ Desktop ပေါ်က Icon ကို ဖျောက်ထားဖို့အတွက်က တော့ ကျွန်တော် ရဲ့ Post ဖြစ်တဲ့ Recycle Bin ကို System Tray ထဲကို ရွေ့ ရအောင် ဆိုတဲ့ နေရာမှာ ပြောခဲ့ ပြီးပါပြီ။

အားလုံး အဆင်ပြေကျပါစေ…

မျိုးကိုကို

0 comments:

Post a Comment