Popular Posts

Wednesday 18 January 2012

WinKey လေးရဲ့ အသုံးတည့် ပုံလေးများ



ကျွန်တော်တို့ Window User အများစု ဟာ လုပ်ငန်းတစ်ခု ကိုလုပ်ဆောင်ရာမှာ ပိုမို လျှင်မြန်စွာ ပြီးမြောက်မှုကိုပဲ ကြိုက်နှစ်သက်ကြတဲ့ အတွက် ကိုယ် တို့ရဲ့ Destination တစ်ခု ကို ရောက်ဖို့ အတွက် Mouse နဲ့ တစ်ဆင့်ချင်း သွားနေမယ့် အစား Window Shortcut လေးတွေ ကိုသုံးလာကြတယ်ပါတယ်။

ကျွန်တော် တို့ Window Shortcut တွေကို သုံးတဲ့ အခါ မှာ Ctrl နဲ့ Alt ရဲ့ ကြားမှာ ရှိနေတဲ့ Window Logo Key လေးကို လည်း ထားခဲ့လို့ မရပါဘူး။

ဒီ Key လေးကို
1.Start Menu ဖွင့်ဖို့ …
2.Window ကို Lock ချ ဖို့နဲ့
3. Run Command လေး တွေ ကို သုံးဖို့ အတွက် Run Box လေး ဖွင့်ဖို့လောက်ပဲ သုံးဖြစ်တယ် ဆိုရင်တော့ ဒီ Key လေးမှာ တစ်ခြား အသုံးဝင် Features များစွာ ရှိနေပါသေးတယ်။

ဒါကြောင့် Window Logo လေးနဲ့ တွဲသုံးနိုင်တဲ့ Shortcut လေးတွေ ကို သုံးချင်သေးတယ် ဆိုရင်တော့ သုံးကြည့်လိုက်ပါ…


1.Winkey ( Window Logo Key )
Start Menu ကို ဖွင့်ဖို့ ၊ ပိတ်ဖို့ အတွက်ဆိုရင်တော့ ဒီ Key လေးတစ်လုံးနဲ့ အလုပ်ဖြစ်ပါတယ်။


2. WinKey + D
Window ပေါ်မှာ ဖွင့်ထားတဲ့ အရာ တွေ ကို Minimize လုပ်ပေးတဲ့ အတွက် Desktop ကို ရစေပါတယ်။ နောက် တစ်ကြိမ် ထပ်နှိပ်ရင်တော့ မူလ အနေအထားလေး ပြန်ရစေပါတယ်။

3.WinKey + E
ကိုတို့ရဲ့ Computer Drive တွေရှိနေတဲ့ Window Explorer ကိုဖွင့်ပေးပါတယ်။


4.WinKey + L
Window ကို Lock ချပေးပါတယ်။

5. WinKey + F
File တွေ Folders တွေ ကိုရှာဖွေဖို့ အတွက် Search Window ကို ဖွင့်ပေးပါတယ်။

6.Window + M
Window အားလုံး ကို Minimize လုပ်ပေးပါတယ်။ Task Bar ပေါ်ကို ချထားပေးပါတယ်။

7.WinKey + Shift + M
နံပါတ် 6 နဲ့ Minimize လုပ်ထားတာတွေ ကို Maximize ပြန်လုပ်ပေးပါတယ်။ Desktop ပေါ်ကို ပြန်တင်ပေးပါတယ်။

8. WinKey + R
Run Dialog Box ကို ဖွင့်ဖို့ သုံးပါတယ်။

9. WinKey + X
Brightness တို့ Volume တို့ Battery Status တို့ အပြင် Wireless Network တို့ကို ပါ ပြင်ဆင် ခွင့် ပြုတဲ့ Window Mobility Center ကို ဖွင့်ပေးပါတယ်။


10.WinKey + U
ကိုတို့ရဲ့ Computer Setting တွေကို ပြင်ဆင်နိုင်တဲ့ Ease Of Access Center ကို ဖွင့်ပေးပါတယ် ။

11. WinKey + Pause
ကွန်ပျူတာ ရဲ့ ဂုဏ်သတ္တိတွေ ကို ကြည့်လို့ ရတဲ့ System Properties Dialog Box ကို ဖွင့်ပေးပါတယ်။


12.WinKey + F1
Window ရဲ့ Help and Support ကို ဖွင့်ပေးပါတယ်။

ကဲ ဒီ Key လေးနဲ့ ပတ်သက်ပြိး သိထားတာလေး ကို ပြန်လည်မျှဝေတာပါ။ ဒါလေးနဲ့လုပ်လို့ ရတဲ့ တစ်ခြားနည်းလေး တွေလည်း ရှိနေပါသေးတယ်။

စာဖတ်သူတို့ သိတဲ့ တစ်ခြားနည်းလေးတွေကို လည်း သင်ကြား မျှဝေပေးဖို့ Command Section မှာ ဖိတ် ခေါ်ပါရစေပါ။

မျိုးကိုကို

0 comments:

Post a Comment