Popular Posts

Saturday 14 January 2012

Recycle Bin ကို System Tray ထဲ ရွေ့ရအောင်



Window က Shift + Delete ကိုပဲ ကျင့်သားရနေတဲ့ Users တစ်ချို့အတွက် Desktop ပေါ်က Recycle Bin ကို မြင်နေရတာ စိတ် အနှောက် အယှက် ဖြစ်ပါတယ် ဆိုရင် . နောက်ပြီး Desktop ပေါ်မှာလည်း Icon Space ကိုယူမထားပဲ Task Bar ပေါ်က System Tray လေးထဲမှာ ထားဖို့ ဖြစ်နိုင်လားဆိုရင် တော့ ဖြစ်နိုင်ပါတယ် လို့ ဖြေရပါလိမ့်မယ်။


အရမ်းလည်းသေးငယ်ပြီး Free လည်းရတဲ့ ဒီ Utility လေးက Recycle Bin ကို System Tray ထဲကို ရွေ့ပေးပါတယ်။အောက်က ပုံလေးကို ကြည့်ပါ…





စမ်းကြည့်ချင်ရင်တော့ ဒီနေရာ လေးမှာ ယူပါ. ဒီ Utility လေးနဲ့ ပတ်သက်ပြီး အသေးစိတ် သိချင်ရင် ဒီ Page လေးမှာဖတ်ပါ။

MiniBin ဆိုတာ executable Tool သေးသေးလေးပါ… Icon လေးကို Double Click နှိပ်လိုက်ရုံနဲ့ Recycle Bin ကိုပြပေးပါတယ်။


ဒါလေးကို Install လုပ်ပြီးပြီးဆိုတော့ ကျွန်တော် တို့ Desktop ပေါ်မှာ Recycle Icon က နေရာ ထပ်ယူမနေအောင် ဖျောက်ရပါတော့မယ်…


တစ်ဆင့်ချင်းလုပ်ကြည့်ရအောင်ပါ…


ဒါကတော့ Window 7 အတွက်ပါ…

1.Desktop ပေါ်မှာ Right Click နှိပ်ပါ။ Personalize ကိုရွေးပါ။






2.Change Desktop Icon ကိုရွေးပါ။




3.Recycle Bin ကိုအမှန်ခြစ်ဖြုတ်ပါ။





4 Apply ပြီး OK လိုက်ပါ ဗျာ … ဒါဆိုရင်တော့ ပြီးပါပြီ ။

ဒါကတော့ Window Vista အတွက်ပါ

1.Start >> Control Panel ကိုသွားပါ။ Appearance and personalization ကိုနှိပ်ပါ.. ပြီးလျှင် Personalization ကို Double Click ပါ။
2.Window ရဲ့ဘယ်ဘက်က Change Desktop Icon ကို နှိပ်ပါ။ ပြီးလျှင် Recycle Bin Box မှာ အမှန် ခြစ်ဖြုတ်ပါ။
3. OK လိုက်ပါ။


ဒါကတော့ XP အတွက်ပါ

1.My Computer ကို ဖွင့်ပါ >> File Menu ကို နှိပ်ပါ >> Tool Menu > ပြီးလျှင် Folder Option ကိုရွေးပါ။
2.View Tab ကိုရွေးပါ > ပြီးလျှင် Show Recycle Bin Icon on the desktop Option ကိုရွေးပါ။
3. OK လိုက်ပါ။


Desktop ပေါ်က Recycle Icon လေး ဖျောက်ထားပြီး Shift + Delete နဲ့ မပြီးမြောက်လို့ သုံးချင်သေးရင်လည်း System Tray လေးထဲ ရှိပါတယ် အဲဒီ Icon လေးကို Right Click ပြီးလည်း သူရဲ့ Icon လေးတွေကို ကိုယ့်စိတ်ကြိုက် ပြောင်းထားလို့ ရပါသေးတယ်… အားလုံပဲ အဆင်ပြေကျပါစေ ...

မျိုးကိုကို

0 comments:

Post a Comment