ကျွန်တော်တို့ ကွန်ပျူတာ User အများစု ဟာ တစ်ခါ တစ်ရံ ကွန်ပျူတာကို ထားသွားရတဲ့ အခြေအနေမှာ ကျွန်တော်တို့ သေချာ ဖို့ လိုတာက ကွန်ပျူတာ lock ချခဲ့ ရဲ့လားဆိုတာပါ။
1.Ctrl + Alt + Del
ကျွန်တော်မြင်ဖူးတာ က လူတွေ ဟာ များသောအားဖြင့် Ctrl + Alt + Del ဆိုပြီး Key သုံးခု ကို တွဲနှိပ်ပြီး ။ ပြီးတော့မှ Lock computer ဆိုတဲ့ Button လေးကိုနှိပ်တယ်။ ဒီလို လုပ်တဲ့ အခါမှာ တစ်ချို့ကျတော့လက်တစ်ဘက်တည်းနဲ့ လုပ်လို့ရပေမယ့် တစ်ချို့ ကျတော့ လက်နှစ်ဘက်သုံးကြတယ်နော်။

2.Window Key + L Key 
Shortcut Key နောက်တစ်ခုက အရင် ထက်တော့ ပိုမိုမြန်ဆန်တဲ့ Window Key + L Key ကို တွဲနှိပ်ပြီးလည်း ကျွန်တော်တို့ရဲ့ လုပ်လက်စ အလုပ်တွေ ကို ပျက်မသွားစေဘဲ ခဏ Lock ချခဲ့လို့ရတယ် ဆိုတာပါ။
3.Desktop Shortcut
အထက်က ဖော်ပြခဲ့တဲ့ အချက် နှစ်ချက်အပြင် ပိုမို မြန်ဆန်စွာလုပ်ဆောင်နိုင်မယ့် နည်းလေး ပြောမလို့ပါ။
ဒီ command လေးက တော့ Window ကို Lock ချဖို့အတွက် Windows\system32 ထဲမှာ ရှိတဲ့ rundll32 ဆိုတဲ့ file လေးကို သုံးမယ်နော်။
1.Desktop ပေါ်မှာ Right Click နှိပ်ပါ။ ပြီးတော့ New ပြီး Shortcut ကိုသွားလိုက်ပါ…

2.ပြီးလျှင် အောက်က Command လေးကို ကူးထည့်လိုက်ပါ.ပြီးလျှင် Next ကိုနှိပ်ပါ။
%windir%\system32\rundll32.exe user32.dll,LockWorkStation

3.ကြိုက်ရာ နာမည် ပေးပါ ပြီးလျှင် Finish ကို နှိပ်ပါ ။

0 comments:
Post a Comment