Popular Posts

Sunday 15 April 2012

ဆဌမအကြိမ်မြောက် မြန်မာ့ဥယျာဉ် ရိုးရာသင်္ကြန်ပွဲတော်မှ မှတ်တမ်း ဓာတ်ပုံများ



နှစ်စဉ်ပြုလုပ် ကျင်းပလျှက်ရှိသော မလေးရှားနိုင်ငံမှ ဆဌမအကြိမ်မြောက် မဟာသင်္ကြန် ပျော်ပွဲရွှင်ပွဲကို ယခင်နှစ်တွေနှင့် မတူအောင် တမူထူးခြားစွာ မလေးရှားနိုင်ငံ မြန်မာ့ဥယျာဉ်မှ ဦးစီးပြီး Port Dickson Beach ကမ်းခြေမှာ တန်ခူးလဆန်း(၁၃)ရက် သောကြာနေ့မှာ ကျင်းပခဲ့ကြောင်း သိရှိပါတယ်။



နှစ်စဉ်နှစ်တိုင်း မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော်ကို ကျွန်တော်တို့က ဦးစီးပြီးတော့ မလေးရှားရောက် မြန်မာတွေအတွက် တစ်နှစ်တာ ပင်ပန်းထားသမျှကို အခုလို သင်္ကြန်ရက်လေးမှာ အမှတ်တရ အပန်းဖြေနိုင်ဖို့အတွက် Port Dickson Beach ကမ်းခြေမှာ ပြုလုပ်ပေးခဲ့ပါတယ်။ ဒီနှစ်မှာတော့ ယခင်နှစ်တွေနှင့် မတူအောင် တမူထူးခြားစွာအောင် ခမ်းခမ်းနားနား လေးပေါ့ ၊ ပြီးတော့ မြန်မာ့ရိုးရာ သင်္ကြန်မဏ္ဍပ် တစ်ခုနဲ့ ရခိုင်ရိုးရာသင်္ကြန်မဏ္ဍပ်တစ်ခု ပြီးတော့ အဆိုအကပေါ့။ ဒီလိုတင်ဆက်ပေးဖြစ်တာပါ။



ကျွန်တော်တို့မြန်မာ့ဥယျာဉ် နဲ့ ကျွန်တော်တို့ ရခိုင် MAO အဖွဲ့လေးနဲ့ ပူပေါင်းပြီး စည်စည်ကားကား ဖြစ်အောင် ကျွန်တော်တို့ စီစဉ်ထားပါတယ်။ ကမ်းခြေမှာ ရေဆော့ချင်သူတွေလည်း ရေဆော့လို့တယ်။ ပြီးတော့ သင်္ကြန်မဏ္ဍပ်မှာက မြန်မာအဆိုအက ၊ ရခိုင်အဆိုအက တွေနဲ့ ဖျော်ဖြေပေးနေပါတယ်။ ရခိုင်ရိုးရာ ရေကစားတဲ့ ဓလေ့ကို ပြချင်တဲ့ ပုံစံလေးပေါ့။ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်တွေက မလေးရှားရောက် မြန်မာများအားလုံး နှစ်သစ်ကူးသင်္ကြန်ပွဲတော်လေးမှာ အားလုံး စုစုစည်းစည်း နဲ့ ပျော်ရွင်စွာ အပန်းဖြေနိုင်အောင် လုပ်ဆောင် ပေးဖြစ်တာပါ။ ကိုစိုးသန်း မြန်မာ့ဥယျာဉ်မှ ပြောပြပါသည်။



မလေးရှားနိုင်ငံမှ ဆဌမအကြိမ်မြောက် မြန်မာ့ဥယျာဉ် မဟာသင်္ကြန်ပွဲတော်ကြီးကို Port Dickson Beach တွင်ပျော်ရွင်စွာဖြင့်ြံပုလုပ်ခဲ့ပြီး မလေးရှားနိုင်ငံ နေရာအများစုမှ ရွှေမြန်မာများ မဟာသင်္ကြန်ပွဲတော်ကြီးကို ပါဝင်ဆင်နွဲကြခဲ့ကြောင်း သိရှိရပါသည်။



မလေးရှားနိုင်ငံမှ ဆဌမအကြိမ်မြောက် မြန်မာ့ဥယျာဉ်မှ စီစဉ်ကျင်းပသော မဟာသင်္ကြန်ပွဲတော်ကြီးအား မှတ်တမ်း ဓာတ်ပုံများဖြင့် တင်ဆက်ပေး လိုက်ပါသည်။



















































Malaysia News Information & Online Radio Media,

0 comments:

Post a Comment