ကွန်ပြူတာတလုံးမှာ Hardware နဲ့ Software ဆိုပြီး အမျိုးအစား ၂ မျိုးဘဲ ပါဝင်ပါတယ်။ Mouse၊ Keyboard တို့လို ကိုင်တွယ် ထိတွေ့လို့ရတာတွေက Hardware ပါ။ ကွန်ပြူတာကို ခိုင်းစေနိုင်ဖို့ဖြစ်ပြီး ကိုင်တွယ်ထိတွေ့လို့ရတာမျိုး မဟုတ်တာက Software ပါ။
Monitor – ကွန်ပြူတာမှာ ဖြစ်ပျက်လုပ်ဆောင်နေတာတွေကို ဖော်ပြပေးမယ့် တီဗီဖန်သားပြင်ဖြစ်ပါတယ်။
Keyboard – စာတွေရိုက်ထည့်ဖို့ဖြစ်သလို၊ ကွန်ပြူတာကို အမိန့်ပေးခိုင်းစေဖို့လည်း သုံးနိုင်ပါတယ်။
Mouse – ကွန်ပြူတာကို အမိန့်ပေးခိုင်းစေဖို့ပါ။
System Unit – ကွန်ပြူတာမှာပါဝင်တဲ့ ပစ္စည်းအားလုံးကို ဆက်စပ်ထိန်းချုပ်ပေးသူဖြစ်ပါတယ်။
Motherboard (CPU) – ကွန်ပြူတာဆက်စပ်ပစ္စည်းအားလုံး ဒီမှာလာပြီး ဆက်သွယ်ထားရပါမယ်။
Hard Disk Drive – Operation System အလုပ်လုပ်ဖို့၊ အချက်အလက်တွေ သိမ်းဆည်းဖို့ပါ။
CD/DVD Rom – အခွေတွေ ဖွင့်ဖို့ပါ။
Memory Card (RAM) – ယာယီမှတ်ဉာဏ်ဖြစ်ပါတယ်။ ကွန်ပြူတာ အနှေးအမြန်ဟာ သူနဲ့အဓိက သက်ဆိုင်ပါတယ်။
Sound Card – အသံထွက်စေဖို့ပါ။
Video Card (VGA) – ရုပ်ပုံတွေ မြင်ရစေဖို့ပါ။
LAN Card – အခြားကွန်ပြူတာတွေကိုဆက်သွယ်ဖို့၊ အင်တာနက်ချိတ်ဖို့အတွက်ပါ။
Power Supply – ဒီကနေ ပါဝါကြိုးတွေကနေတဆင့် ကွန်ပြူတာပစ္စည်းတွေကို လျှပ်စစ်အားပေးပါတယ်။
Data Cable – အချက်အလက်တွေ ကူးပြောင်းဖို့ပါ။
Battery – ကွန်ပြူတာမီးတွေ အားလုံးပိတ်ထားချိန်မှာ မှတ်ဉာဏ်တွေ ပျောက်မသွားစေဖို့။
USB Port – ယူအက်စ်ဘီက ဒေတာရော၊ ပါဝါကိုပါ ကြိုးတခုတည်းနဲ့ ရရှိလုပ်ဆောင်စေနိုင်တဲ့အတွက် မရှိမဖြစ် အသုံးပြုနေကြပါပြီ။
Printer – စာရွက်များထုတ်ယူဖို့ ဖြစ်ပါတယ်။
Scanner – ရုပ်ပုံတွေ ကွန်ပြူတာထဲ ကူးထည့်ဖို့ပါ။
Sound box/Ear phone – အသံတွေနားထောင်ဖို့၊ စကားပြောဖို့။
Web camera – ၀ဘ်ကမ်ရှိမယ်ဆိုရင် တဘက်စကားပြောသူက ကိုယ့်ကိုမြင်ရပါလိမ့်မယ်။ မျက်နှာချင်းဆိုင် စကားပြောချင်ရင်တော့ နှစ်ဘက်လုံးမှာ တပ်ထားပေါ့ဗျာ။
Hardware
အဓိက ဟာ့ဒ်ဝဲများ

Extra Hardware
ပြင်ပဟာ့ဒ်ဝဲများ
ကွန်ပြူတာအလုပ်လုပ်ခြင်းနှင့် မသက်ဆိုင်သော ဟာ့ဒ်ဝဲများ
Printer – စာရွက်များထုတ်ယူဖို့ ဖြစ်ပါတယ်။
Scanner – ရုပ်ပုံတွေ ကွန်ပြူတာထဲ ကူးထည့်ဖို့ပါ။
Sound box/Ear phone – အသံတွေနားထောင်ဖို့၊ စကားပြောဖို့။
Web camera – ၀ဘ်ကမ်ရှိမယ်ဆိုရင် တဘက်စကားပြောသူက ကိုယ့်ကိုမြင်ရပါလိမ့်မယ်။ မျက်နှာချင်းဆိုင် စကားပြောချင်ရင်တော့ နှစ်ဘက်လုံးမှာ တပ်ထားပေါ့ဗျာ။
Source:http://www.zwekabin.org/?p=214
အခုလိုကွန်ပျုတာအကြောင်း တိုတိုနဲ့လိုရင်းရောက်အောင် ရှင်းပြထားတဲ့အတွက် ကျွှန်တော်တို့လို ကွန်ပျူတာအကြောင်းကောင်းကောင်းမသိသေးသူတွေအဖို့ နားလည်ဖို့လွယ်ကူသွားပါတယ်အကို ။ ကျေးဇူးတင်ပါတယ်အကို။
ReplyDelete