Popular Posts

Thursday 12 April 2012

မင်းအတွက်


ငါ့ ကဗျာဟာ

ပန်းတစ်ပွင့်ဖြစ်ခဲ့ရင်

ငါပထမဆုံးပန်ပေးမိမှာ မင်းပဲ

င့ါ နှလုံးသားဟာ

အရုပ်တစ်ရုပ်ဖြစ်ခဲ့ရင်

ငါပထမဆုံးဆော့စေမှာ မင်းပဲ

ငါ့ မျက်ရည်ဟာ

ပုလဲတစ်လုံးဖြစ်ခဲ့ရင်

ငါပထမဆုံးဆင်ပေးမိမှာ မင်းပဲ

ငါ့အသွေးဟာ

စမ်းရေဖြစ်ခဲ့ရင်

ငါပထမဆုံးသောက်စေမှာ မင်းပဲ

င့ါ ဘ၀ဟာ

ပန်းခင်းလမ်းဖြစ်ခဲ့ရင်

ငါပထမဆုံးလျှောက်စေမှာ မင်းပဲ

င့ါ အပြုံးဟာ

အလင်းရောင်ဖြစ်ခဲ့ရင်

မင်းအတွက်မှောင်မိုက်ညဆိုတာမရှိစေရဘူး


လရိပ်

0 comments:

Post a Comment