Popular Posts

Tuesday 6 March 2012

Window ကို Lock, Restart နဲ့ Shutdown ကို Auto လုပ်ချင်ရင်


ကျွန်တော် တို့တွေဟာ အိမ်မှာပဲဖြစ်ဖြစ် ရုံးမှာပဲ ဖြစ်ဖြစ် ကျွန်တော် တို့ရဲ့ Computer ဒါမဟုတ် Laptop တွေကို အမြဲ ဆိုသလို မလိုလားအပ်တဲ့ ရယူမှုတွေ မဖြစ်စေဖို့ Lock ချခဲ့ ချင်ကြပါတယ်။ဒါပေမယ့် ကျွန်တော် တို့ ကွန်ပျူတာ ကို ထားသွားရတဲ့ အချိန်ခဏ လေး Idle ဖြစ်နေချိန်တိုင်း ထားခဲ့ရတဲ့ အချိန်တိုင်းတော့ ဒီလို လုပ်ဖို့ အမြဲ အမှတ်ရမနေပါဘူး။ဒါဆိုရင် ခုပေးမယ့် Tool လေးက ကိုယ်က သတ်မှတ်ထားတဲ့ တိကျတဲ့ အချိန် တစ်ခုမှာ lock ချပေးနိုင်ပါတယ်။ ကျွန်တော် တို့ရဲ့ ကွန်ပျုတာကို lock ချဖို့ ၊ Restart လုပ်ဖို့ ၊ အလိုအလျှောက် Shut Down လုပ်ဖို့ အချိန် Set နည်းလေး ပြောပြမလို့ပါ။

ဒီ Auto lock ဆိုတဲ့ Tool လေးဟာ ကွန်ပျုတာကို Lock ချဖို့ တင် မဟုတ်ပါဘူး၊ အထက်က ပြောခဲ့ သလိုပဲ restart ၊ shutdown နဲ့ log off တွေကိုလဲ ကိုသတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ လုပ်ဆောင်နိုင်စွမ်းတွေ ရှိပါတယ်။ ကျွန်တော် တို့ System ကို lock ချတဲ့ အခါမှာ System Mute လုပ်တဲ့ Option လေးဟာလည်း အကောင်းဆုံး Feature တစ်ခုလို့ ပြောနိုင်ပါတယ်။



ဒီ Portable Tool လေးဟာ သူ့ ကို စတင်လိုက်တဲ့ အချိန်မှာ ပုံမှာ ပြထားသလို Window လေးကို မြင်ရမှာပါ။ ကိုယ့်ဘာသာ သင့်လျှော်တဲ့ Option ကိုသတ်မှတ်ရမှာပါ။ အထက်က Screen Shot လေးမှာဆို ကျွန်တော်က Idle Time ရဲ့ 5 minutes ပီးရင် စက်ကို Lock ပီး Turn Off လုပ်ဖို့နဲ့ စက်ကို lock သွားတဲ့ အချိန်မှာ System Sound တွေကိုပါ Mute လုပ်စေဖို့ Set ထားတာပါ။

ကဲ့ Shut Down Timer လိုမျိုး Application တွေလည်းသုံးနေရပါတယ် ဆိုရင် တော့ ဒီလို သေးငယ်ပီး စွမ်းဆောင်ရည် ရှိတဲ့ Portable Freeware လေးကို သုံးကြည့်ပါ။

Auto Lock

အပေါ်က Link မှာ အဆင်မပြေသူများအတွက် သူ့ရဲ့ မူရင် ဆိုက်မှာ ဒေါင်းလိုက်ပါ.

Home Page

အားလုံးအဆင်ပြေကြပါစေ
မျိုးကိုကို

2 comments:

  1. ဒေါင်းလို့ မရဘူးဗျ
    ပြန်ကြည့် ပေးပါဦးနော်

    ReplyDelete
  2. သယ်ချင်း လရိပ်...ဒေါင်းလင့် အဆင်မပြေလို့ ရှိရင် သူ့ရဲ့ မူရင်း Home Page လေးမှာ သွားဒေါင်းလိုက်ပါနော် ...အဆင်ပြေပါစေ သယ်ငယ်ချင်း...

    ReplyDelete