Popular Posts

Monday 5 March 2012

Software မသုံးဘဲ Drive ဖျောက်မယ်

ဒီနည်းလေးကို ရှေ့က ကိုကို မမ တို့ပြောခဲ့ဖူးပါတယ်။မေ့မှာစိုးလို့ မှတ်ထားရင်း မသိသေးသူများ ဖတ်ရှုနိုင်စေဖို့ နားလည် သလိုလေး ပြန်လည် ရေးသား မျှဝေလိုက်ပါတယ်။ ကိုယ့်လို ကွန်ပျူတာ ကို ခုမှ စတင်လေ့လာ နေတဲ့ သူငယ်ချင်းများ အတွက်သာပါ။ ပညာရှင်များ အနေနဲ့ အမှားများကို ဝေဖန် ထောက်ပြ နည်းကောင်းလေးများကို လမ်းညွန် ပြသပေးစေလိုပါတယ်။

ကိုယ်တို့တွေ ကွန်ပျုတာကို သုံးလာတာနဲ့ အမျှ ကိုယ့် ရဲ့ Personal လေးတွေကို အမျိုးမျိုးသော နည်းလမ်းလေးတွေနဲ့ ၀ှက်လာကြတယ်နော်။အဲဒီလို ၀ှက်ဖို့ အတွက် ဒီနည်းလမ်းလေးဟာ လည်း တစ်ခု အပါအ၀င် ဖြစ်မှာပါ။Folder လေးတွေ ၀ှက်မယ်၊ Lock လေးတွေ ချထားမယ်၊ Drive တွေကို Lock ချမယ် စတဲ့ ရည်ရွယ်ချက်ပေါင်း များစွာကို Software တွေကို သုံးသလို Run Command ကနေ လည်း ဖျောက်ကြပါတယ်။ ဒီတစ်ခါတော့ Software သုံးစရာ မလိုပဲ Run Command ကနေပီး ကိုယ်တို့ ရဲ့ Computer ထဲမှာ ရှိတဲ့ Drive ဖျောက်နည်းလေးကို မသိသေးသူများ အတွက် တစ်ဆင့်ပြန် Share လိုက်ပါတယ်။

လုပ်ကြည့်ချင်ရင်...



1. Window Key + R ကို တွဲနှိပ်လိုက်ပါ။ ပေါ်လာတဲ့ Window လေးထဲမှာ Diskpart လို့ ရိုက်ထည့် ပီး OK လိုက်ပါ။ နောက်ထပ် Confirm တောင်းတဲ့ Window ကြလာရင် ထပ်ပီး OK လိုက်ပါ။


2.ဒါဆိုရင် Command Prompt Window လေးကျလာပီဟုတ်။ အဲဒီထဲမှာ List Volume လို့ ရိုက်ထည့်ပီး Enter ခေါက်လိုက်ပါ။



ဒါဆိုရင် ပုံမှာ ပြထားသလိုလေး ကိုယ့်ကွန်ပျုတာထဲမှာ ရှိတဲ့ Drive လေး တွေ တန်းစီ ပီး ကျလာမှာပါ။


3.Drive F ကို ဖျောက်ကြည့်မှာ ဖြစ်လို့ Drive F ရှေ့မှာ ရှိတဲ့ Volume ကို ရွေးဖို့ အတွက် Select volume 4 လို့ ရေးပီး Enter ခေါက်လိုက်ပါ။



ဒါဆိုရင် အောက်က ပုံလေးလို ပေါ်လာပါပီ။



4.နောက်ဆုံးအဆင့်က ဖျောက်တော့မှာ ဖြစ်လို့ Remove letter F လို့ ရေးပီး Enter ခေါက်လိုက်ပါ။



ဒါဆိုရင် တော့ အောင်မြင်စွာ ဖျောက်လိုက်ပါပီ ဆိုတဲ့ စာလေးကို ပုံလေးမှာလို မြင်တွေ့ ရမှာပါ။


ဒီလို ဆိုရင် ကိုရဲ့ Computer ထဲမှာ ပြန်ကြည့်ကြည့်လိုက်ပါ ။ Drive F မရှိတော့ပါဘူး။



တကယ်လို့ အဲဒီ Drive ကို ပြန်ဖော်ချင်တယ် ဆိုရင် အဆင့် ( 3 ) အထိပြန်လာ ခဲ့ပါ။ ပီးမှ နောက်ဆုံး အဆင့် ( 4 ) မှာ Remove letter F မှာ အစား Assign Letter F လို့ ရေးပီး Enter ခေါက်လိုက်ပါ။



ဒါဆိုရင် ဖျောက်နည်း ပြန်ဖော်နည်း ပြီးပါပီ။ ကိုတို့ရဲ့ Personal တွေကို ရုတ်တရက် ဖျောက်နိုင်ကြပါစေ။


မသိသေးသူများ အတွက်သာ
အားလုံး အဆင်ပြေကြပါစေ
မျိုးကိုကို






0 comments:

Post a Comment