Popular Posts

Tuesday 13 March 2012

နှစ်ကိုယ်တူအလွမ်း


သနပ်ခါး
ဖွေးဖွေးကလေး

ပါးကလေးပေါ် သူတင်လာ
နမ်းမယ်လို့
ကိုက ဟန်ပြင်

ရှက်သွေးကြွယ် သူ့ပါးပြင်
ကို့ ရင်မှာ တစ်ကယ်ကို စိုး
မေ့ အနမ်း သူခိုး…

နှုတ်ခမ်းတော်
စံပါယ်ဖူး

ချစ်ရသူ ရူးလောက်တယ်
လွမ်းလျှတဲ့ အကြင်နာ ရယ်…
ပန်းနုရောင် ချစ်နှုတ်ခမ်း
လွမ်းရသူ
အပန်းပြေအောင်

နီးရဖို့ကို ကြံရွယ်စိုးပါနဲ့
ချစ်သူရယ်…

ငြိမ့်ငြိမ့် ကလေး
ကို့ အကြင်နာ
ရင်ခွင်မှာ ဗလောင်ဆူ
သူလည်းလေ ကို့လိုလူမို့
ရင်ခုန်သံ တဒိတ်ဒိတ်
ရယ်နှင့်

ဝေးရရက် ကုဋေကုဋာ
တူနှစ်ကို
တိုးတိတ်ကာ လွမ်းရပြန်သေး…



အရင့်ရောင်


Source:http://mandalaygazette.com/107940/business-econom/ideas-plans

0 comments:

Post a Comment