Popular Posts

Friday 31 August 2012

ပျက်စီးနေတဲ့ Window 7 System File တွေ ပြင်ရအောင်



ကွန်ပျူတာကို သုံးလာခဲ့တာလည်း တစ်နှစ်ကျော်လာပီး Software ပေါင်းများစွာကို လည်းသွင်းလိုက် ၊ထုတ်လိုက်နဲ့ လုပ်လာတဲ့ အခါမှာ Error Message ပေါင်းများစွာလည်း ပေါ်ထွက်လာမယ်ဆိုရင်ပါ..။ ကဲဒါဆိုရင်တော့ ကိုတို့ရဲ့ Window Installation File တွေဟာ လည်း Corrupt ဖြစ်လာမယ် Damage ဖြစ်လာမယ် တစ်နည်းအားဖြင့် တော့ ရှုပ်ထွေးပျက်ပီးလာပါတော့တယ် ..။

အဲဒိ လိုများကိုတို့ ကွန်ပျူတာဟာ နှစ်ကြာလာပီး Error Message တွေများ ပြားလာပီဆိုရင် ကွန်ပျူတာမှာပါတဲ့ Windows System File Checker နဲ့ စစ်ကြည့်ရအောင်ပါ..။ သူက တော့ စစ်ဆေးပီးတာနဲ့ သူ့ဘာသာ ပြန်လည်ပြင်ဆင်ပေးသွားမှာပါ..။

System File Checker ဆိုတာက Window ရဲ့ Built In Command Tool လေးပါ..။ Window 7 System ရဲ့ မပြည့်စုံတဲ့ System File တွေနဲ့ ခုနက Corrupt ဖြစ်နေမယ် ၊ Damage ဖြစ်နေတဲ့ Version ကို Correct Version နဲ့ အစားထိုးမှာပါ..။ ကျွန်တော်တို့တွေက တော့ ကို့ရဲ့စက်က System File တွေကို Transformation Pack များ၊ ဒါမဟုတ် Theme တစ်ခုခု နဲ့များ Modify လုပ်ထားမိသလားဆိုတာတော့ သတိထားရမှာပါ..။ ဘာဖြစ်လို့လဲ ဆိုတော့ System File Checker က System File တွေကို Default အခြေအနေကို ပြန်ပြောင်းပစ်မှာမို့ပါ..။ဒါဆိုရင်တော့ Back Up လုပ်ချင်လုပ် မလုပ်ချင်လည်း ပြန်ပီး Install လုပ်ပါ..။


ကဲ စလုပ်ကြည့်ရအောင် 




1. Command Prompt ကိုဖွင့်တဲ့ အခါမှာ administrator နဲ့မှ ရမှာပါ..။ ဒါကြောင့် start menu> All Programs> Accessories> Command Prompt ကို  right click  > Run as administrator အတိုင်းသွားပီးလုပ်လိုက်ပါ..။

2. Box ထဲမှာတော့ sfc /scannow လို့ရိုက်ပီး Enter ခေါက်ပါ..။ဒါဆိုရင်တော့ သူက စပီး Scan လုပ်ပါလိမ့်မယ်..။

3.သူက အချိန်အနည်းငယ်ကြာမှာပါ..။ပီးရင် တော့ ရှိ ၊ မရှိ ပြောမှာပါ..။ ရှိရင်တော့ အကြောင်းကြားပီး ပြင်ဆင်သွားမှာပါ..။ ပီးရင်တော့ Command Prompt ကိုပိတ်ပီး Restart လုပ်ပေးလိုက်ပါ..။


ဒီလို လုပ်ကြည့်ရုံနဲ့ အကုန်လုံး အဆင်ပြေသွားမယ်လို့ မဆိုလိုပါဘူး..။ ဆိုလိုတာက  Windows Resource Protection Could Not Start The Repair Service ဆိုပီး ဒီလို Message များပေးလာခဲ့မယ်ဆိုရင်တော့  နောက်ထပ် Post တစ်ခု ရေးပေးပါ့မယ် ..။ စာဖတ်သူတို့ အတွက် တစ်စုံတရာ အထောက်အကူ ဖြစ်စေခဲ့တယ်ဆိုရင် ကျေနပ်မိမှာပါ..။



(ကျွန်တော် ရေးသမျှ Post တွေကို စာဖတ်သူတို့ရဲ့ G-Mail ထဲက နေလည်း တစ်ခါတည်းဖတ်လို့ရပါတယ်...။ အဲဒီလို ဖတ်ချင်ပါတယ် ဆိုရင်တော့  ဘေးဘက်က Follow By Email မှာ စာဖတ်သူတို့ လိပ်စာထည့်ပီး Summit လုပ်ပေးခဲ့ပါ..။ ကျေးဇူးတင်ပါတယ်..။)


အဆင်ပြေကြပါစေ

မျိုးကို

0 comments:

Post a Comment