Popular Posts

Wednesday 2 May 2012

နိုင်ငံတကာ အလုပ်သမားနေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲ အစီအစဉ် မလေးရှားနိုင်ငံတွင် ပြုလုပ်ကျင်းပ

https://fbcdn-sphotos-a.akamaihd.net/hphotos-ak-snc7/306610_283869298367775_100002341215929_617751_132950384_n.jpg



ရွှေမြန်မာလမ်းညွှန်မှ စီစဉ်တင်ဆက်သော နိုင်ငံတကာ အလုပ်သမားနေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို May Day နေ့ 1.5 .2012 နေ့လေးတွင် နေ့လည် ၂ နာရီမှာ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ (Chin Woo Stadium ) ခန်းမမှာ ကျင်းပခဲ့ပါတယ်။ ဂီတဖျော်ဖြေပွဲ အစီအစဉ်လေးမှာ အဆိုတော် Dဖြိုး၊ အောင်လ၊ ဖြိုးကြီး၊ ဟဲလေး ၊ နောနော်၊ ဆိုတေး၊ နဲ့ ဧည့်သည် အဆိုတော်အဖြစ် ဂျင်းနီ တို့က သီဆို တင်ဆက်ခဲ့ကြပါတယ်။



နိုင်ငံတကာ အလုပ်သမားနေ့ အထိမ်းအမှတ် ရွှေမြန်မာလမ်းညွှန် စာအုပ်အခမဲ့ဖြန့်ဝေမှု အစီအစဉ်နဲ့ အမှတ်တရ ဂီတဖျော်ဖြေပွဲပြုလုပ်ပေးတာဖြစ်ပြီး မလေးရှားရောက် မြန်မာများအတွက် ဂီတဖျော်ဖြေပွဲကို မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ ဂန္တ၀င် စားသောက်ဆိုင်၊ အင်တာနေရှင်နယ် ဂျာနယ် နှင့် IT Garden ကွန်ပျူတာဆိုင် တို့မှ အဓိက စပွန်ဆာအဖြစ် တာဝန်ယူခဲ့ကြပါတယ်။



ကျွန်တော်တို့ မလေးရှားနိုင်ငံကို လာတဲ့ လူတော်တော်များများက ဒီမှာ အလုပ်လာလုပ်ကြတာ များပါတယ်။ အဲဒီတော့ နေ့တိုင်းလိုလို ကိုယ့်ရဲ့လုပ်ငန်းခွင်မှာပဲ လုပ်ကိုင်နေ ရတော့ ပြင်ပ ဗဟုသုတအားနည်းပြီး အားလပ်ရက်မှာ အပြင်ကို သွားမယ်လာမယ်ဆိုရင် အခက်အခဲ ရှိလေ့ရှိပါတယ်။ ပြီးတော့ ကိုယ့်နိုင်ငံ မဟုတ်တဲ့အတွက် ဘာလေးပဲ လိုလို မေးရမြန်းရတယ်။ဘာသာစကား အခက်အခဲ အဲသလို အခက်အခဲတွေက အများကြီးပါပဲ။


အခု ကျွန်တော်တို့ ရွှေမြန်မာကို ထုတ်လိုက်တဲ့အတွက် သူတို့ ဘာလေးပဲ လိုလို ရှာကြည့်လို့ရမယ်။ ကျွန်တော်တို့ စာအုပ်က လုံးဝ ပြည့်စုံ နေတယ်လို့ မဆိုလိုပါဘူး၊ ဒါပေမယ့် အခက်အခဲ လိုအပ်ချက် တစ်ခုခုကို ဖြည့်ပေးကောင်း ဖြည့်ပေးနိုင်မယ်။ အဲလိုဆိုရင် ကျွန်တော်တို့ ကျေနပ်ပါတယ်။ နောက်မလေးရှားမှာရှိတဲ့ အဖွဲ့အစည်းတွေကိုလည်း ရွှေမြန်မာလမ်းညွှန်စာအုပ်များကို လှူဒါန်းသွားဖို့ ရှိပါတယ်။ ဒီရွှေမြန်မာ လမ်းညွှန်စာအုပ်ကို ဒီနေ့ရှိုးပွဲမှာ အခမဲ့ဖရီး အနေနဲ့ လက်ဆောင်ပေးဖြစ်ပါတယ်။ စာအုပ်ထုတ်ဖြစ်တဲ့ ရည်ရွယ်ချက်ကတော့ မလေးရှား မြန်မာတွေအတွက် သွားလာမှု လမ်းညွန်ချက်တွေ အဆင်ပြေအောင် ပါပဲ။



ဒီနေ့ May Day အလုပ်သမားနေ့မှာ လုပ်တယ်ဆိုတာက ကျွန်တော်တို့ က ဒီမှာ အလုပ်လာလုပ်ကြတာလေ။ အဲဒီတော့ ကျွန်တော်တို့ မြန်မာနိုင်ငံသား အလုပ်သမားတွေ ကျွန်တော်တို့ လုပ်တဲ့ပွဲကြောင့် အလုပ်သမားနေ့မှာ အပန်းပြေသွားမယ်၊ ပျော်ရွင်သွားမယ်ဆိုရင် ကျွန်တော်တို့ ၀မ်းသာရမှာပါ။ အဲဒီလို ဖြစ်လာဖို့ လည်း မျှော်လင့်မိပါတယ် ဟု ရှိုးပွဲအတွက် ဖြစ်မြောက်ရေး တာဝန်ခံဖြစ်တဲ့ IT GARDEN မှ ကိုဘိုဘိုမှ News Information & Online Radio Media (Malaysia) ဖြေကြားပေးခဲ့ပါသည်။



ရွှေမြန်မာလမ်းညွှန်မှ စီစဉ်တင်ဆက်သော နိုင်ငံတကာ အလုပ်သမားနေ့ အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကို ပထမဆုံး DJ အစီအစဉ်ဖြင့် စတင်ကာ နေ့လည် ၂း၀၀ အချိန်မှာ စတင်ပြီး အဆိုတော်များ အလှည့်ကျ ဖျော်ဖြေပေးကြပြီး ည(၇)နာ၇ီအချိန်တွင် ဖျော်ဖြေမှု အစီအစဉ်များကို ရပ်နားခဲ့ပါကြောင်း သိရှိရပါသည်။















www.nayzawlin.com/

News Information & Online Radio Media (Malaysia)

0 comments:

Post a Comment