ဒီတခါတော့
ဝင်းဒိုးမှာ Format ချနည်းလေးကို ရေးပေးဖို့ တောင်းထားတဲ့
အစ်ကိုတစ်ယောက်ရှိတာနဲ့ ဒီပိုစ့်လေးကို ရေးဖြစ်သွားတာပါ..။ တကယ်တော့
ဝင်းဒိုးတင်တာ ဘာမှ မထူးဆန်းပါဘူး..။ သူမေးထားတာလေးတွေကို တဆင့်ခြင်းစီ
နှိပ်သွားလိုက်ရင် ဝင်းဒိုးတင်လို့ ရပါတယ်..။ တနေရာပဲ
ဂရုစိုက်ဖို့လိုပါတယ်..။
Partition ပိုင်းတဲ့နေရာရောက်ရင် မိမိတို့
ဝင်းဒိုးတင်ချင်တဲ့ အပိုင်းကို သေချာရွေးပြီး Format ချပေးဖို့လိုပါတယ်..။
တကယ်လို့ Hard Disk တခုလုံးကို Format ချမယ်ဆိုရင်တော့
အဲဒီအဆင့်ကိုရောက်ရင် ပါတေးရှင်းတခု ချင်းစီကို ကလစ်ပြီး Delete
နှိပ်သွားလိုက်ပါ..။ ဒီတိုင်းပြောရင် မလုပ်တတ်သေးတဲ့သူများအတွက်
အတော်နားလည်ရခက်ပါလိမ့်မယ်..။ အဲဒါကြောင့် အောက်ကပုံလေးတွေနဲ့
ဆက်ရှင်းပြပါမယ်..။ ဆက်ကြည့်လိုက်ပါဗျာ..။
တခုတော့ ရှိပါတယ်.. ဒီနေ့တင်တဲ့
ပုံတွေအားလုံးဟာ အင်တာနက်ကနေရှာထားတာဖြစ်တဲ့အတွက် မှုံဝါးတဲ့
ပုံလေးတွေလည်းပါပါလိမ့်မယ်..။ ကျနော်လည်း တတ်နိုင်သလောက်တော့
ကောင်းတဲ့ပုံလေးတွေကို ရှာထားတာပါ..။ တချို့ပုံတွေက ဘယ်လိုမှ
ကြည်အောင်လုပ်ပေးလို့ မရတော့လို့ ဒီတိုင်းပဲ တင်ပေးလိုက်တာပါ..။ ဒါကိုတော့
နားလည်ပေးကြပါဗျာ..။
ဝင်းဒိုးမတင်ခင်
အရင်ဆုံး မိမိတို့ စက်ထဲက Drivers Software တွေကို Backup
လုပ်ထားလိုက်ပါ..။ အရင်ပိုစ့်မှာ တင်ပေးထားတဲ့ ဆော့ဝဲလ်လေးနဲ့ Drivers
Backup လုပ်ထားနိုင်ပါတယ်..။ဝင်းဒိုးအသစ်တင်ရင် Drivers အများစု
ပျောက်သွားမှာ မို့လို့ပါ..။ ဝင်းဒိုးတင်ပြီးမှ Drivers တွေ Restore
ပြန်လုပ်ပေးရမှာဖြစ်ပါတယ်..။ ဝင်းဒိုးတင်နည်းကို လေ့ကျင့်ခန်းလေးတခုအနေနဲ့
လေ့လာထားပြီး နောက်တင်တဲ့ပို့စ်မှာ Windows7 ခွေမရှိသေးတဲ့သူများအတွက်
လေ့ကျင့်နိုင်အောင်လို့ Windows 8 Comsumer Preview ခွေကို သူ့ရဲ့ Downloader
နဲ့ ဒေါင်းယူပြီး ဝင်းဒိုးတင်တတ်အောင် ရေးပေးသွားပါ့မယ်..။ အခုတော့
ဒါလေးကို စလိုက်ကြရအောင်ဗျာ..
စက်ကိုဖွင့်
ဝင်းဒိုးခွေထည့်.. Restart ချပေးပြီး . Boot Menu ကိုဝင်တဲ့ ကီး F2, F12,
F8, Del or ESC စသဖြင့် မိမိတို့ စက်ရဲ့ ပေါ်လာတဲ့ စာလုံးကို ကြည့်ပြီး
ဆက်တိုက် နှိပ်ထားပေးပါ..။ အောက်ပုံမှာ ပြထားတဲ့ စာသားမျိုး ပေါ်လာတဲ့
အချိန်ကိုပြောတာပါ..။ ၄င်းကီးများကို မိအောင် လိုက်နှိပ်ပြီး Boot Menu
ထဲကို ဝင်သွားလိုက်ပါ...
Boot
Menu ကိုရောက်ရင် အောက်ကပုံမျိုးကို မြင်ရတဲ့အခါ 1st Boot Device နေရာမှာ
CD/DVD ရောက်အောင် ကီးဘုတ်က အပေါ်အောက်မျှားနဲ့ ချိန်းပေးလိုက်ပါ... ပြီးရင်
Enter တချက် ခေါက်ပေးလိုက်ပါ..။
တကယ်လို့
Boot Menu မှာ အောက်ကပုံအတိုင်း ပေါ်ခဲ့ရင်တော့ မီနူးဘားတန်းက Boot
ကိုရောက်အောင် ကီးဘုတ်မှ ဘယ်ညာမျှားနဲ့ ရွှေ့သွားလိုက်ပါ..။ ပြီးရင်
အပေါ်အောက်မျှားနဲ့ CD/DVD စာသားကို
အပေါ်ဆုံးရောက်အောင် ပြောင်းပေးပြီး အောက်ပုံညာ အကွက်မှာ ရေးထားတဲ့အတိုင်း
F10 ကိုနှိပ်ပြီး ပေါ်လာတဲ့ အကွက်ထဲမှာ Yes ကိုရွေး Enter ခေါက်လိုက်ပါ....။
Enter ခေါက်ပြီးရင်တော့
စက်က Restart
ကျသွားပြီး ပြန်တက်လာတဲ့ အခါမှာ အောက်ကပုံမျိုးကို မြင်ရပါလိမ့်မယ်...။
ဒါဆိုရင်တော့ ကီးဘုတ်မှ ခလုတ်တခုခုကို နှိပ်ပေးလိုက်ပါ.. ။ ဒါဆို CD/DVD
ထဲကနေ Boot တက်လာပါလိမ့်မယ်..။ နောက်ပုံတွေမှာ ဆက်ကြည့်လိုက်ပါဗျာ..
ဒီအောက်ကပုံမျိုးပေါ်လာရင်တော့
Hard Disk ကို Partition လို့ခေါ်တဲ့ အပိုင်းတွေခွဲ ရမယ့်နေရာပါ..။
ဒီနေရာမှာ New ကိုအရင်နှိပ်မှ Format တို့ Delete တို့ ပေါ်မှာပါ..။ အဲတော့
Delete ကိုနှိပ်ရင် ပါတေးရှင်း အပိုင်းတွေ
အားလုံးကိုပြန်ပေါင်းမှာဖြစ်ပြီး... Format ကိုနှိပ်ရင်တော့
ပါတေးရှင်းတွေထဲမှာရှိတဲ့ Data တွေ အားလုံးကို
ရှင်းပစ်လိုက်မှာ ဖြစ်ပါတယ်..။ ပါတေးရှင်းတွေကတော့ ဒီတိုင်းပဲရှိနေမှာပါ..
အောက်ပုံကတော့
Hard Disk မှာ Partition ပြန်ခွဲပြတဲ့ပုံပါ..။ ပေါ်လာတဲ့ အကွက်လေးထဲမှာ
မိမိတို့ ခွဲထုတ်ချင်တဲ့ GB ပမာဏကို ရိုက်ထည့်ပါ..။ ပြီးရင် Apply
ကို နှိပ်လိုက်ပါ..။ ဒါဆိုရင် ပါတေးရှင်း အပိုင်းတခု ထွက်လာပါပြီ.. ပြီးရင်
Next ကိုနှိပ်...
အောက်ကပုံကတော့
ပါတေးရှင်း ပိုင်းထားပြီးသားပုံမှာ မိမိတို့ ဝင်းဒိုးတင်ချင်တဲ့
အပိုင်းကို အရင်ကတည်းက 50 GB / 60 GB စသဖြင့် မှတ်ထားသင့်ပါတယ်..။
ဒီနေရာကိုရောက်ရင်တော့ မိမိတို့ မှတ်ထားခဲ့တဲ့အပိုင်းကို ကလစ်ပြီး Format
ကိုနှိပ်ပါ..။ Next ကိုဆက်နှိပ်သွားလိုက်ပါ..
ဒီအောက်ကပုံအတိုင်းမြင်ရရင်တော့ နှစ်ခုထဲက အောက်ကတစ်ခုကို ကလစ်လိုက်ပါ...
အပေါ်ပုံမှာတော့
အမှန်ခြစ်ထည့်ပြီး Next ကိုထပ်နှိပ်ပါ.. ပြီးရင်တော့ အောက်ကပုံ အတိုင်း
ပေါ်လာရင် စောင့်နေလိုက်ပါ..။ ဝင်းဒိုးခွေထဲက ဖိုင်တွေကို copy
ကူးတင်နေတာ ဖြစ်ပါတယ်..။ 10 မိနစ်လောက်တော့ ကြာပါလိမ့်မယ်...
အပေါ်ပုံအတိုင်း
အမှန်ခြစ် များပြည့်သွားရင် သူ့အလိုလို Restart ကျပါလိမ့်မယ်..။
အဲဒီအချိန်မှာ DVD Drive ထဲမှာရှိတဲ့ ဝင်းဒိုးခွေကို ပြန်ထုတ်ထားလိုက်ပါ..။
ဝင်းဒိုးပြန် တက်လာရင်တော့ အောက်ဆုံးမှာကျန်တဲ့ အမှန်ခြစ်တခု ပေါ်လာပါလိမ့်မယ်...။ ပြီးရင်အောက်က ပုံအတိုင်းပေါ်လာရင်
အမှန်ခြစ်ဖြုတ်ပေးပြီး Next နှိပ်ပါ...။
နောက်တဆင့်မှာတော့
အပေါ်ကပုံအတိုင်းပေါ်လာရင် Ask me later ကိုကလစ်ပေးလိုက်ပါ..။ ပြီးရင်
အချိန်နာရီကို ရွေးပေးပါ..။ Next ပေါ်တိုင်းနှိပ်သွားလိုက်ပါ..။ System32
Registry ဘောက်စ်ပေါ်လာရင် သူ့အတိုင်း လွှတ်ထားလိုက်ပါ..။ ဝင်းဒိုးရဲ့
Product Key ကို သူ့ဖာသာ ရှာပြီး ဖြည့်ပေးသွားပါလိမ့်မယ်..။ ပြီးရင်
Restart ကျပါလိမ့်မယ်..။
ဝင်းဒိုးပြန်တက်လာရင်တော့ အောက်က ပုံလေးတွေအတိုင်း ပေါ်လာပါလိမ့်မယ်....
အပေါ်ကပုံအတိုင်းပေါ်လာရင်တော့
ဝင်းဒိုးတင်ခြင်း အောင်မြင်စွာ ပြီးဆုံးသွားပါပြီ..။ ဒီလောက်ဆိုရင်တော့
ဝင်းဒိုးတင်တာကို သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်..။
အခုလိုမျိုး နည်းပညာလေးတွေကို အသေးစိတ် ရေးသားထားတဲ့ ကိုလွင်မင်းဗိုလ်
ကိုကျေးဇူးတင်ပါတယ်
အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ...
ကိုလွင်မင်းဗိုလ်
Source: http://lwinminbo.blogspot.com
0 comments:
Post a Comment