ဒီနည်းလေးကို မသိသေးတဲ့ သယ်ချင်းတို့ အတွက် မျှဝေလိုက်ပါတယ် ..။ အကြိုက်ဆုံး တော့ မဟုတ်ပေမယ့် နည်းလမ်းလေး တစ်ခု အနေနဲ့ စမ်သပ်ကြည့်ချင်တဲ့ သယ်ချင်းတို့ အတွက်ပါ...။
လုပ်ကြည့်ချင်ရင်
1. Desktop ပေါ်မှာ New Folder တစ်ခု ဆောက်လိုက်ပါ...။ဒီနည်းလေးက Folder နဲ့ အတူ သူ့ရဲ့ Name ကို Change ပီး ပြောင်းလိုက်တဲ့ သဘောပါ..။
2.ဒါကြောင့် Folder ရဲ့ Name ကို ဖျောက်ဖို့ အတွက် Win key + R ကိုနှိပ်ပီး Charmap လို့ ရိုက်လိုက်ပီး Enter ခေါက်ပါ ။

3. Character Map မှာ Zawgyi ပြောင်းလိုက်ရင် သူ့မှာ ဘာမှာ ရှိမနေတဲ့ နေရာလွတ် ရှိနေမှာပါ ...။ အဲဒါကို Select ပီး Copy လုပ်ခဲ့ပီး Folder Name မှာ Paste လုပ်လိုက်ပါ .။

4. ပုံမှာ ပြခဲ့ သလို လေး အမည်ရှိမနေတဲ့ Folder လေး တစ်ခု ရပီ ဟုတ်။

5. Folder ကို Icon ပြောင်းမှာပါ..။ဒါကြောင့် Right Click နှိပ်ပီး Properties >> Customize >> Change Icon ကို ရွေးပါ...။အဲဒိမှာလဲ Charmap တုန်းကလို ဘာမှ မရှိတဲ့နေရာလွတ် ရှိနေမှာပါ ။ ပုံမှာ ပြထားသလို နေရာလွတ်လေးကို Mouse နဲ့ထောက်ပီး OK လိုက်ပါ ။

6. ဒါဆိုရင် ပုံမှာ ပြထားသလိုလေး Folder လေး ပျောက်သွားပါပီး ..။

ဒါပေမယ့်ခု ပုံလေးက သူ့ အပေါ်ကို Mouse နဲ့ထောက်ထားခဲ့လို့ ခုလို အရိပ်လေး ပေါ်နေတာပါ...။ ဒီတိုင်းဆို မပေါ်ပါဘူး...။ Desktop ပေါ်မှာ Refresh လုပ်ကြည့်ပါ..။ အဲဒီနေရာလေးက အရိပ်ကလေး ထင်နေမှာပါ ..။ ဒါကြောင့် ဒီနည်းလမ်း လေး ကိုမကြိုက်ခဲ့ပေမယ့် နည်းပညာတစ်ခု အနေနဲ့ မျှဝေ မှတ်သားထားချင်းသာပါ...။
အားလုံးအဆင်ပြေကြပါစေ
မျိုးကိုကို
မျိုးကိုကို








0 comments:
Post a Comment