Popular Posts

Saturday 31 March 2012

Desktop ပေါ်မှာ G mail Compose အတွက် Shortcut ဖန်တီးရအောင်


G mail မှာ Mail တစ်ခု ဖန်တီးဖို့ လိုအပ်တိုင်း ကျွန်တော် တို့ G mail Interface ရဲ့ Left Sidebar က Compose Button လေးကိုပဲ နိုင်ရသလို နိုပ်နိုင်တယ်ဆိုတာ ကျွန်တော် တို့တွေ သိကြပါတယ်..။ဒါပေမယ့် Mail ပေါင်းများစွာ ပို့ရမယ် ဆိုရမယ်ဆိုရင်တော့ ဒီ Button လေးကို အကြိမ်တိုင်း နှိပ်နေရမှာပါ..။ Internet Browser အထဲမှာ ဖွင့်ထားတဲ့ G mail Interface ကြီးလည်း လိုအပ်မှာပါ..။ ရိုးရှင်းပီး လျှင်မြန်စွာနဲ့ ဖွင့်နိုင်ဖို့ လွယ်ကူတဲ့ နည်းလေး ပြောကြည့်ရအောင်ပါ..။ ပို့စရာ မေးတွေက များလို့ Compose ကို မကြာကြာမနှိပ်ချင်တဲ့ သူများ အတွက်ပါ...။

လုပ်ကြည့်ချင်ရင်တော့

1. Desktop ပေါ်မှာ Right Click နှိပ်ပါ >> New >> Shortcut ကိုသွားလိုက်ပါ...။

2.ဒီလို ပုံလေး ရပီဆိုရင်တော့ အောက်က Path ကလေး ကိုထည့်လိုက်ပါ..။

https://mail.google.com/mail/u/0/?shva=1#compose



3. Shortcut အတွက် အမည်ပေးပါ..။

4. Desktop ပေါ်က Shortcut ကို ဖန်းတီးပီး Double Click နှိပ်လိုက်တာနဲ့ တစ်ခြားဘာမှ နှိပ်စရာမလိုဘဲ G mail Compose ကို တိုက်ရိုက် ဖွင့်မှာဖြစ်ပေမယ့် username and password ကိုတော့ Log In ၀င်ထားမှ သာ ရမှာပါ..။ အသုံးတည့်လို့ သုံးချင်သူများ အတွက်သာပါ ..။

အားလုံး အဆင်ပြေကြပါစေ

မျိုးကိုကို

0 comments:

Post a Comment