Popular Posts

Wednesday 28 March 2012

နိုင်ငံရေး ဆိုတာ



နိုင်ငံရေး ဆိုတာ လူတိုင်းနဲ့ ဆိုင်တယ်

တစ်ချို့က နိုင်ငံရေးဆိုတာ နိုင်ငံရေးပါတီ တွေလုပ်တဲ့ အလုပ် လို့ ထင်ကြတယ်။ မဟုတ်ပါဘူး တစ်ခါတုန်းက ဖေဖေက ပြောဖူးပါတယ် နိုင်ငံရေးဟာ ကိုယ်နဲ့ မဆိုင်ဘူး ထင်ပေမယ့် နိုင်ငံရေးဟာ ကိုယ့်ဆီ ရောက်လာလိမ့်မယ် ဒါရှောင်လို့ မရဘူး။ ဒါဘာဖြစ်လို့လဲ ဆိုတော့ ဒီနိုင်ငံ အတွင်းမှာ ဖြစ်နေတဲ့ ကိစ္စ မှန်သမျှဟာ နိုင်ငံရေးပဲ။ ရှောင်လို့ မရဘူးနော်။ စီးပွားရေးဆိုတာလည်း နိုင်ငံရေးပဲ။ လူမှုရေးဆိုတာလည်း နိုင်ငံရေးပဲ ။ ဘာမဆို နိုင်ငံရေး ပဲ။ ဒါကြောင့်မို့လို့ ပြည်သူတွေ နိုင်ငံရေး ကျွမ်းကျင်မှ ဒီနိုင်ငံဟာ တိုးတက်မှာပါ...။ ပြည်သူလူထု ဟာ နိုင်ငံရေး မကျွမ်းကျင်ဘူး ၊ နိုင်ငံရေး အသိ မရှိဘူးဆိုလို့ ရှိရင် နိုင်ငံ တစ်နိုင်ငံ တိုးတက်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး...။အဲဒီတော့ ကိုယ့် ရဲ့ မိသားစု ၊ ကိုယ်တစ်ဦး တစ်ယောက်အတွက်ပဲ မစဉ်းစားပါနဲ့ ၊ အဲဒီလို စဉ်းစားလို့ ရှိရင် ရေရှည်မှာ ကိုယ့် အကျိုးလည်း မဖြစ်လာနိုင်ပါဘူး..။ ကျွန်မ တို့ တစ်ယောက်နဲ့ တစ်ယောက် ညီညီ ညွတ်ညွတ် နဲ့ လက်တွဲ မှသာလျှင် ကျွန်မ တို့ နိုင်ငံဟာတိုးတက်နိုင်မှာပါ...။


ကုန်ဈေးနှုန်းတက်တာ သိရင် နိုင်ငံရေး သိပါတယ်

ကျွန်မ တို့ နိုင်ငံ တိုးတက်အောင် လုပ်ဖို့ ဆိုတာ ဟာ လူတိုင်းလူတိုင်းရဲ့ တာဝန် ဖြစ်ပါတယ်...။ ပြည်သူ ပြည်သားအားလုံးမှာ တာဝန် ရှိတယ် ဆိုတာ ကို နားလည် ရပါလိမ့်မယ်...။ တစ်ချို့က ပြောတယ် ကျွန်တော်တို့ ၊ ကျွန်မ တို့ နိုင်ငံ ရေး နားမလည်ဘူး ..။ နားမလည် လို့ ရှိရင် ကုန်ဈေးနှုန်းတက်တယ် ဆိုတာ သိပါသလား..။ ဒါဟာ နိုင်ငံ ရေးပဲ ...။ ဘာဖြစ်လို့ ကုန်ဈေးနှုန်းတက်တာတော့ သိပီး နိုင်ငံ ရေး နားမလည်ဘူးလို့ ပြောနေရတာလဲ ...။ဒါဟာ ကျွန်မ အခြေခံ ကိစ္စ တစ်ခုကို ပြောနေတာ နော်...။ဘယ်သူမှ ရှောင်လို့ မရတဲ့ ကိစ္စ တစ်ခုကိုပြောတာ ...။ ဒါကြောင့်မို့လို့ နိုင်ငံ ရေး ဆိုတာ မီးဖိုချောင်ထဲ အထိ ရောက်တယ် လို့ ပြောတာဟာ ဒါပဲ ...။ ဒီတော့ မီးဖိုချောင်ထဲမှာ ထိုင်နေတဲ့ အိမ်ရှင်မများတောင် နိုင်ငံရေး နားလည်ရမယ်...။ အိမ်ရှင်မများဟာ နိုင်ငံရေး နားမလည်ဘဲနဲ့ ရုံးသွားတဲ့ အခါမှာ ညည်းလို့ ရှိရင် ကျွန်မတို့ မကြိုက်ဘူး...။ နိုင်ငံရေး နားမလည်ဘူးလို့ တော့ ပြောတယ် ၊ ဈေးသွားတဲ့ အခါမှာ ကုန်ဈေးနှုန်းဖြင့်တော့ သိပ်ပီးတော့ ဈေးတက်တာပဲ ဆိုတာ ၊ဒါညည်းတာ ဆိုတာတော့ သိပ်ပီးတော့ မဟုတ်သေးဘူး....။ အဲဒီတော့ နှစ်ခုလုံးကို နားလည်ရမယ် ...။ ကိုယ့် ရဲ့ ဘ၀ ပြာသာနာတွေကို နားလည်သလို ၊ ကိုယ့် နိုင်ငံ ရဲ့ ပြာသာနာတွေကို နားလည်ရမယ်...။ ကိုယ့် ဘ၀ ပြသာနာ တွေဟာ ကိုယ့် နိုင်ငံ ပြသာနာတွေ နဲ့ ဆက်နွယ်နေတယ် ဆိုတာ ကျွန်မ တို့ အားလုံး သဘောပေါက်ဖို့ လိုပါတယ်...။

အမေစု မိန့်ခွန်း ကောက်နှုတ်ချက်များမှ

1 comments:

  1. Nice post. I loved reading this post.
    Also, visit the blog posted by me.
    I really appreciate your work.
    Error Code 0xc0000185

    ReplyDelete