Popular Posts

Saturday 25 February 2012

WINDOWS - 7 USER GUIDE PART ( III )



Task bar ရဲ့ Notification Area ကိုထိန်းချုပ်ခြင်း

အားလုံးကပြောကြလိမ့်မယ်ခင်ဗျ ။ ကျွန်တော်ဟာဘာလို့ Windows XP အကြောင်း မဆွေးနွေးဘဲ Windows 7 ကိုပဲ ဆွေးနွေးပါလိမ့်ပေါ့။ ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော့်မှာ Window 7 အကြောင်းပဲ စုဆောင်း ထားတာရှိလို့ ပါ။ (အဟီး... အလကားစတာပါခင်ဗျာ) ခု လူတော်တော်များများ အသုံးပြုတဲ့ OS (Operating System) က အဲ့လိုပြောလိုက်ရုံနဲ့ တင် Windows 7 ပဲလို့ သိကြပါလိမ့်မယ်။ လူတော်တော်များများဟာ Windows 7 ကို အသုံးပြုနေကြပေမယ့် သူ့ ရဲ့ ပုန်းကွယ်နေတဲ့ System တွေကိုတော်ရုံတန်ရုံနဲ့ သတိမထားမိကြလို့ ကျွန်တော်က စုဆောင်းထားတဲ့ဟာတွေထဲက Windows 7 အကြောင်းကိုပဲဆွေးနွေးပေးရတာပဲဖြစ်ပါတယ်။နောက်ပိုင်းမှာ အားလုံး ဆန္ဒရှိမယ် ဆိုရင်တော့ Windows XP အကြောင်းလေးကို ဆွေးနွေးပေးပါမယ်ခင်ဗျာ။

ကဲစလိုက်ကြရအောင်နော်

Notification Area ဆိုတာက အောက်ခြေ ညာဘက် အစွန်လောက်မှာ ရှိတယ် System ရဲ့ သတိပေးချက်တွေ၊ alert လုပ်တာတွေကိုဖော်ပြပေးရတယ်။ ဥပမာ - နောက်ကွယ်က ဘယ်လို ပရိုဂရမ်တွေ Run နေတယ်ဆိုတာကအစ အဲဒီနေရာမှာ သိနိုင်တယ်။ Windows ရဲ့လျှို့ဝှက်ချက် တွေ အများဆုံး နေရာလို့ ပြောနိုင်တယ်။

အကောင်းဆုံးပြန်ပြီး စီစဉ်ချင်တယ်ဆိုရင်တော့ .....

1 - ညာဘက်အစွန်ဆုံးနားလောက်မှာ up arrow ခေါင်းလေးကို Click လုပ်လိုက်တာနဲ့ Customize ဆိုတဲ့ Box လေးပေါ်လာလိမ့်မယ်။ အဲ့ဒီ ထဲက Application တိုင်းဟာအလွယ်ကူဆုံး Run နိုင်အောင်စီစဉ် ပေးထားတာတွေပဲ။ Customize ကို Click လုပ်လိုက်ရင် ဘယ် icon ကိုဖော်ပြပေး ၊ ဘယ် icon ကို ဖျောက်ပေး အားလုံးစီစဉ်နိုင်တယ် ။ ပြောင်းပြီးရင် OK ကို Click ပါ ။

2 - အဲဒီညာဘက်အောက်ခြေမှာပဲ Clock ; Volume ; Network ;Power တွေကို လည်း ပြင်ဆင်ထိန်းချုပ် နိုင်တယ် ။ Customize ကိုနှိပ်လိုက်လို့ ပေါ်လာတဲ့ Window ထဲမှာ အောက်ခြေနားက Turn System On or Off ဆိုတာကို Click ထပ်လုပ်လိုက်ရင် Clock ; Volume ; Network ; Power တွေကို အဖွင့် အပိတ် လုပ်နိုင်တဲ့ Window ထပ်ပေါ်လာလိမ့်မယ် ။ အဲဒီထဲကနေပြီးတော့လည်း ထိန်းချုပ်နိုင်တယ် ။ ပြီးရင်တော့ OK လုပ်ပေါ့။

Source:http://myowin9.blogspot.com

0 comments:

Post a Comment