Popular Posts

Saturday 25 February 2012

WINDOWS - 7 USER GUIDE PART ( I )


Windows-7 အသုံးပြုသူတွေအတွက် နည်းပညာ တချို့ပါ အပိုင်းလိုက် ခွဲခြား တင်ပြထားပါတယ်။ ကိုယ်နှစ်သက်ရာအပိုင်းကို လေ့လာလို့ ရပါတယ် အားလုံးကိုလေ့လာစေချင်ပါတယ် တစ်ခုနဲ့ တစ်ခု ဆက်စပ်မှု ရှိနေလို့ ပါ။

1. Create the Batch File ( Batch File ကိုတည်ဆောက်ခြင်း )

[1] Notepad ကိုဖွင့်ပါ ။ စာတန်းနှစ်တန်းလောက်ပဲ ရိုက်ရပါမယ်။

cd C:\Users\%username%\AppData\Local rmdir/S/Q Temp

အဲဒီဖိုင်ကို cleantemp.bat ဆိုပြီး Save လုပ်ထားလိုက်မယ်။ ပြီးရင်အဲ့ဒီ ဖိုင်ကို Double Click လုပ်လိုက်တာနဲ့ Temporary ဖိုင်တွေရှင်းပြီးသွားသလို လုပ်ရကိုင်ရ လွယ်ပြီး ကွန်ပျူတာအတွက် ကောင်းသွားပါလိမ့်မယ် ။

နောက်တစ်နည်းကတော့

[2] Windows Key + R = Run ကိုဖွင့် temp ဆိုတဲ့ စာလေးကိုရိုက်ပြီး Enter ခေါက်။ ပြီးရင် အထဲမှာရှိတဲ့ ဖိုင်တွေကို Ctrl + A နဲ့ Select ပေးပြီး Shift + Del ကီးနဲ့ ဖျက်ပါမယ်။ပြီးရင် OK ကိုခေါက်ပါ ။ အကယ်၍ ERROR ပြလာတယ်ဆိုရင် အပေါ်ဆုံး ဖိုင်ကနေ တစ်ခုချင်းစီ SELECT ကိုဖျက်ပြီး Shift + Del ကိုဆက်တိုက်လုပ်သွားပါ။ ဖိုင်တချို့ တော့ကျန်ခဲ့ပါလိမ့်မယ်။ အဲ့ဒါက ဖျက်မရတဲ့ ဖိုင်တွေပါ ။ ဒါပေမဲ့ အဲ့ဒါက စက်ကို ဟန်းအောင် မလုပ်နိုင်ပါဘူး။ ပြီးရင် Alt + F4 နဲ့ ပြန်ထွက်ပါ ။ အဲ့ဒီပုံစံအတိုင်းပဲ

1.temp,
2.%temp% ,
3 recent ,
4.prefetch,
5. cookies ,

စတဲ့ ဖိုင်တွေကို တစ်ပတ်တစ်ခါလောက် ရှင်းပေးနိုင်ရင် သင့်ကွန်ပျူတာနဲ့ အလုပ်လုပ်ရတာ အဆင်ပြေချောမွေ့ပါ လိမ့်မယ်ခင်ဗျာ။

Source:http://myowin9.blogspot.com

0 comments:

Post a Comment