Popular Posts

Saturday 18 February 2012

Harvard University


ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီ ပါ။ တော်တော်လေးကောင်းလို့ ဘာသာပြန်ပေး လိုက်တာပါ။ အောင်မြင်မှု ရရှိခဲ့သူတွေရဲ့ နောက်ကွယ်မှာ ဘယ်လောက်ထိ ကြိုးစား အားထုတ်ခဲ့ရတာ ရှိသလဲဆိုတာကို ဒါလေးကသက်သေ ပြနေပါတယ်။ ဟားဗတ်တက္ကသိုလ်က ဆရာတွေ ပြောပြလေ့ရှိတာကတော့ သင်ဘ၀မှာစိတ်တိုင်းကျဖို့ နဲ့ ကောင်းတဲ့ဝေဖန်မှု ရချင်ရင်တော့ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်နေတဲ့အချိန် နေရောင်နဲ့ ထိတွေ့ဖို့ အချိန်မရှိဘူး။

ကမ္ဘာ့ထိပ်ဆုံးကျောင်းတစ်ကျောင်းအနေနဲ့ ဟားဗတ်က နာမည်ကြီး ပုဂ္ဂိုလ်တွေ အများကြီးမွေးထုတ်ပေးခဲ့တယ်။ အဲ့ထဲမှာ

၁။ နိုဘယ်လ်ဆုရှင် (၃၃) ဦး၊
၂။အမေရိကန်သမ္မတ (၇) ဦး နဲ့
၃။နယ်ပယ်အသီးသီးက ထူးချွန်ထက်မြတ်သူတွေပါတယ်။

ဘာကြောင့် ဟားဗတ်ဟာ သူတို့ရဲ. မွေးရပ်ဇာတိဖြစ်နေတာလဲ။ ဟားဗတ်ကျောင်းသားတွေဟာ ဘယ်လို စိတ်ဓာတ် နဲ့ တွေးခေါ်မှု တွေကိုရရှိခဲ့ ကြတာလဲ။ ဒီအဖြေကိုလူပေါင်းများစွာ လိုက်ရှာနေကြတယ်။

ဟားဗတ်တက္ကသိုလ်ရဲ့ စာကြည့်တိုက်နံရံမှာ ရေးထားတဲ့ ဆုံးမစာလေးကတော့ အဖြေပေးပါလိမ့်မယ်။ တိုတောင်းတဲ့ စာသားလေးတွေဟာ လေးနက်တဲ့တွေးခေါ်မှု တွေပေးပြီး စိတ်ဓာတ်တက်ကြွစေတယ်။

ဟားဗတ်တက္ကသိုလ်ရဲ့ စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…

၁။ ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။

၂။ ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသော သူ၏ဆုတောင်းခြင်းပင်။

၃။ အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။

၎။ ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။

၅။ စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။

၆။ သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှု မရှိတာပါ။

၇။ စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှု မှာတော့ရှိတယ်။

၈။ သင်ယူတာဟာ လူ့ဘ၀ရဲ့ အားလုံးမဟုတ်ပါ။ လူ့ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းလေး ကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။

၉။ မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှု များကို ခံစားပါ။

၁၀။ သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှု အရသာကို ခံစားရမှာ။

၁၁။ ဘယ်သူမှ လွယ်လွယ်ကူကူ နဲ့ မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ့ ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။

၁၂။ အချိန်ဟာအမြဲ တမ်း ကုန်ဆုံးနေတယ်။

၁၃။ ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏ မျက်ရည် ဖြစ်လိမ့်မည်။

၁၄။ ခွေးလိုသင် လူကြီး လူကောင်းလို ကစားပါ။

၁၅။ ဒီနေ့ မသွားလျှင် နောက်နေ့ ပြေးရလိမ့်မည်။

၁၆။ အနာဂတ်ကို ရင်နှီးမြုပ်နှံ နေတဲ့သူဟာယခုလက်တွေ့ ကို သစ္စာရှိသူပါ။

၁၇။ ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။

၁၈။ တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။

၁၉။ အခုတောင်မှ သင်၏ ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ ။

၂၀။ အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။


Source:
http://goldenmyanmarparadise.ning.com
Thanyawzin
face book မှ ကူးယူတင်ပြသည်။

1 comments:

  1. အချိန်ကို အကျိုးရှိရှိအသုံးချဖို့ သတိရစေပါတယ်ခဗျာ။ ကျေးဇူးတင်ပါတယ်

    ReplyDelete