Popular Posts

Monday 6 February 2012

Computer ထဲက File တွေ Folder တွေကို အမြန်ဆုံး ရှာရအောင်





ကျွန်တော်တို့ရဲ့ ကွန်ပျူတာထဲမှာ File တွေ Folder တွေကို ရှာစရာ များကြုံလာတဲ့ အခါ Window Default Search ကြီးကတော့ တကယ်ကို အချိန်ကုန်စေပြီး အနှေးဆုံးပါပဲလို့ပြောရလောက်ပါတယ်။ Window 7 Search ကိုလည်း တိုးမြှင့်လိုက်တယ် ဆိုလား သိဘူးနော်။ တစ်ခုခု ကိုများ မြန်မြန် ဆန်ဆန် လေး ရှာချင်ရင် တကယ်ကို အလုပ်မဖြစ်တာတော့ သေချာပါတယ်။

ကဲ Window Search ထက် ပိုပီးတော့ကို File တွေ Folder တွေကို ရှာဖို့ ကျွန်တော် အရမ်းကို ကြိုက်တဲ့ Everything ပါတဲ့ဗျာ. Free ၀ဲလေး ပေးမလို့ပါ။ Window Default Search ကတော့ File တွေရှာချင်ရင် တကယ်ကို အကောင်းဆုံးနည်းမဟုတ်ဘူးလို့ ပြောချင်ပါတယ်။

Everything လေးက Free လည်းရသလို အမြန်ဆုံးပါလို့ ပြောရလောက်ပါတယ်။သူက Searching မှာရော ၊ Indexing မှာပါ အမြန်ဆုံပါပဲ။ သုံးကြည့်ပါ သူက System File တွေကို Index လုပ်သွားတာဆို 1,000,000 ကို တစ်မိနစ်လောက်ပဲ ယူမယ်ထင်တယ်။ ဒါပေမယ့် သူက NTFS drive နဲ့ပဲ အလုပ်ဖြစ်ပါတယ်။ သူက File တစ်ခု အတွင်းက Text တွေကိုပါ ရှာနိုင်ပါတယ်ဗျာ။

Memory လည်းနည်းနည်းလေးပဲ ယူပီး စွမ်းဆောင်မှု 100% ပေးနိုင်တဲ့ ဒါလေးကို သုံးချင်ရင်တော့ ဒီမှာ ယူလိုက်ပါ ။ Software လေး မသုံးချင်လို့ Portable လေးပဲ ပေးပါဆိုရင်တော့ ဒီမှာ ပါ။


Requirements: It works with NTFS file system only.





အားလုံးအဆင်ပြေကြပါစေ..
မျိုးကိုကို



0 comments:

Post a Comment