Popular Posts

Friday 6 January 2012

အဆိုးထဲ မှ အကောင်း

ကျွန်တော်ရဲ့ မိတ်ဆွေ တစ်ချို့ က နိုင်ငံခြား ထွက်ချင်ကြောင်း ကျွန်တော် ကို ပြောလာရင် ကျွန်တော် သူတို့ကို အမြဲပြောတာက ကျွန်တော် ကြုံတွေ့ရတာတွေနဲ့ ယှဉ်ပြီး မကောင်းကြောင်းတစ်ချို့ပါပဲ တစ်ချိန်ထည်းမှာ သူတို့တွေ ပြန်ပြောတာကတော့ အစ်ကို ဘာကြောင့်သွားခဲ့ တာပါလဲတဲ့ ကျွန်တော် သွားမယ် လုပ်ခဲ့တုန်းကလဲ ဒီလိုကြုံ ခဲ့ဖူးပါတယ် ဒါပေမယ့် အဖျက်များကြားထဲက ပဲထွက်လာခဲ့တာ ဘာဖြစ်ဖြစ်ဆိုပြီး ပါ ဒါပေမယ့် ကျွန်တော်လို မဖြစ်စေချင်တဲ့ စေတနာနဲ့ သူတို့ကို ပြောနေမိတာပါ … အဲဒီတော့ သူတို့အတွက် အဖြေကို စဉ်းစားရင်း ကောင်းတာရော ဆိုးတာပါ ပြောရမှာပါ ။


Whenever some of my friends tell me that they have an idea to go to the foreign country, my reply is only some of the bad things comparing with my experiences. At the same time, their responses were why you went to another country. I had encountered the same thing when I intended to go but however am I, ignoring all, I came here among so many disturbances.But I was telling them with the hope of being not to be like me.So, both advantages and disadvantages I will have to talk considering the best answer for them.


တစ်ခါတစ်လေ ကျွန်တော် စဉ်းစားမိပါတယ် လူတွေ ဘာကြောင့် နိုင်ငံခြားကို ထွက်ချင်ကြတာပါလဲ ကျွန်တော် တို့တွေ ကိုရည်ရွယ်တဲ့ နိုင်ငံတွေ မသွားခင် စဉ်းစားတာတစ်ခုကတော့ ကျွန်တော်တို့တွေ မှာ ပိုမို ကောင်းမွန်တဲ့ စီးပွားရေး အခြေအနေ တွေ ရှိလာနိုင်တယ်ပေါ့ ကျွန်တော်သိသလောက်တော့ ယနေ့ကမ္ဘာမှာ လူဦးရေ သန်းပေါင်း ၆၀၀၀ ကျော်လောက်ရှိမယ်လို့ ကျွန်တော်ထင်ပါတယ် ... အားလုံးဟာ မတူညီတဲ့ နိုင်ငံတွေ မှာ ကွဲပြားထူးခြားတဲ့ ယဉ်ကျေးမှုတွေနဲ့ပေါ့ တစ်ချို့နိုင်ငံတွေ က တော့ အရမ်းကို ဖွံ့ဖြိုးတက်လာကျပြီး တစ်ချို့ကတော့ ခုထိကိုပဲ မတိုးတက်ကျသေးပါဘူး ..ဒါကလည်း လူတွေ သူတို့ဘ၀ ပိုမို အဆင်ပြေနေနိုင်ဖို့ ခေတ်မီတဲ့ နို်င်ငံတွေ ဆီ သွားချင်တဲ့ အကြောင်းတစ်ချက်ဖြစ်မှာပါ။


Sometimes, I consider why people want to go to another country. I suppose that before we go to our intended countries, the one thing in our mind is we will have better economic conditions. To my knowledge, today there are over six billion people in the world, I think. All of them live in different countries and have special cultures. Some countries have become very sophisticated, while others haven’t yet been developed well. This is also one of the facts that people want to go to the well-developed countries so that they can live more comfortably their lives.


ကျွန်တော် လည်း နိုင်ငံခြား ရောက်ဖူးချင်တဲ့သူ ဖြစ်ချင်နေခဲ့ ဖူးပါတယ် ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံခြား သွားတယ်ဆိုတာ ကြွားဝါခြင်း အတွက်လို့ တစ်ခြားသူတွေ ယူဆနေချိန်မှာ ကျွန်တော်ကတော့ ကိုယ့်နိုင်ငံ နဲ့ မတူ ကွဲပြားမှုတွေကို စူးစမ်းလေ့လာဖို့လို့ ခံယူထားလို့ပါပဲ…


I also have been wanting to be one of the person that have been to foreign country because I have accepted that going abroad is observing things that differ from my own world whereas the others are misunderstanding it is just for boastful.


ကျွန်တော် အထက်မှာ ဖော်ပြခဲ့သလိုပါပဲ ကျွန်တော် အပါအ၀င် နိုင်ငံခြား မှာ အလုပ်လုပ်နေတဲ့သူတွေ ရော လုပ်ခဲ့ဖူးသူများပါ အဲဒီတွေကို သွားကြရင် ပိုက်ဆံတွေ ပိုမို ရှာဖွေနိုင်မယ်လို့ အခိုင်အမာ ယုံကြည်ခဲ့ကြတာပါ …ကျွန်တော်တို့တွေ လိုချင်တာတွေ ၀ယ်နိုင် ကျွန်တော်တို့တွေ ဆန္ဒရှိသလို အတိုင်းအတာ တစ်ခုအထိ နေထိုင်နိုင်ဖို့ အလုပ်တစ်ခုနဲ့ ကို့နိုင်ငံနဲ့ ယှဉ်ရင် မြင့်မားတယ် လို့ပြောရလောက်တဲ့ လစာ တော့ ရတယ်ဆိုတာ ဟုတ်ပါတယ် …


As I mentioned above, all person that have been doing the work and had worked in another country including me strongly believed that if we go there, we will earn more money. It is true that we got a job and high salary that can be talked, comparing with our country so we can buy what we want and we can live how we desire to a certain extent.

တကယ်တော့ နိုင်ငံခြားမှာ အလုပ်လုပ်တယ်ဆိုတာ အန္တရာယ် ရှိနိုင်ပါတယ် တစ်ခါတစ်လေ တော့လည်း အလုပ်ရှင်တွေက အတွေ့အကြုံ မရှိတဲ့ အလုပ်သမားတွေ ဆီက ငွေ လိမ်ယူချင်ကြ ပြန်ပါတယ် ...ကျွန်တော် သိသလောက်တော့ လူတိုင်းဟာ တိုင်းပြည်ကနေ ထွက်ခွာ ရတာ ဘ၀ ရဲ့ အမျိုးမျိုးသော အတိုင်းအတာ တွေ နဲ့ပေါ့ဗျာ….


Actually, working abroad can be dangerous. Occasionally, employers want to swindle inexperienced workers. As far as I am concerned, everyone leave in the country several measurements of their lives.

ကျွန်တော် ကတော့ အရာရာ တိုင်းမှာ အားနည်းချက် ဆိုတာ ရှိသလို အားသာချက်ဆိုတာ လည်း ရှိပါတယ် လို့ ခံယူထားတာပါ…ပထမဆုံး တော့ နိုင်ငံခြားတိုင်းပြည်တွေမှာ နေရခြင်းရဲ့ အားသာချက်တစ်ချို့ကို ပြောချင်ပါတယ် ..ပထမဆုံး ပြောရမယ့် အချက်ကတော့ ကျွန်တော် တို့ ရဲ့ ရှေ့လျှောက်လှမ်းရမဲ့ အနာဂတ် လမ်းကြောင်းတွေ အတွက် ဗဟုသုတ နဲ့ အတွေ့အကြုံ တွေ ရနိုင်ပါတယ် … နောက်ဆက်တွဲ အရင်းခံ အကြောင်းကတော့ ထူးခြား လွယ်ကူတဲ့ ငွေ ဆိုတာပါပဲ… ပထမတော့ သူတို့တွေဟာ ပျော်ရွှင်မှု ကိုမဆောင်းကျဉ်းနိုင်ပါဘူး ဘယ်လိုပဲဖြစ်ဖြစ် သူတို့တွေက ကျွန်တော် တို့ရဲ့ ရပ်တည်မှုကို တော့ တကယ်ကို လွယ်ကူသက်သာစေတာပါ…


I have accepted that everything has advantages and disadvantages. At first, I want to underscore some of the advantages of staying in foreign country. The first one is that we get knowledge and experiences which can be useful to our forthcoming carrier. The subsequent motivation is extraordinary easy money .At the first glance, they don’t bring happiness; however, they really facilitate us in our existence.


ထပ်ပြောပြချင်တဲ့ ယေဘုယျ ကျတဲ့ အရာကတော့ ကျွန်တော် တို့ တစ်တွေ ဟာ တစ်ခြားတိုင်းပြည် မှာ ပုံမှန်ဘ၀တစ်ခုကို စတင်ပြီဆိုကတည်းက ကျွန်တော်တို့ရဲ့ နေ့စဉ် ဘ၀ ထဲကို ၀င်ရောက်လာတဲ့ ခြားနားတဲ့လူအဖွဲ့အစည်း နဲ့ ကွဲပြားတဲ့ ယဉ်ကျေးမှု တွေကို ဘယ်လိုကျင့်သုံးရမယ်ဆိုတာ လေ့လာသင်ယူရမှာပါ. ကွဲပြားတဲ့ ရိုးရာ ထုံးစံတွေနဲ့ နေရာတစ်ခုမှာ ကျွန်တော်တို့နေပြီဆိုကတည်းက ဘာမှန်းမသိတဲ့ အခြေအနေမှာ ကျွန်တော်တို့ဘာသာ ဖွံ့ဖြိုးတိုးတက်နေနိုင်စွမ်းတွေ ရှိရမှာပါ …


What is more, a very common one is that once we start a regular life in another country, we have to learn how to accept another type of society and culture into our daily life .Since we are living in a place with different customs and traditions from ours, we have to be able to develop ourselves in unknown conditions.


ဆိုလိုတာကတော့ မိတ်ဆွေ သစ်တွေ ဖွဲ့စည်းခြင်း တို့ ၊ တခြား အတွေးအမြင် ရှုထောင့် တွေကို လေ့လာခြင်း တို့ ၊ ကွဲပြားတဲ့ အယူအဆတွေ တန်ဖိုးတရားတွေကို လက်ခံကျင့်သုံးချင်းတွေ နဲ့ နေရာသစ်တွေ ကို သွားလာရာမှ ရတဲ့ အခွင့်အရေးတိုင်းကို ရယူပိုင်ဆိုင်နိုင်စွမ်း ရှိခြင်းတွေကို ပြောချင်တာပါ ။ ဒါကြောင့် ကျွန်တော်တို့တွေ စစ်မှန်တဲ့ ဗဟုသုတ တွေ ရရှိပါတယ် ။ ကျွန်တော် အလေးထား ပြောချင်တဲ့ အရာတစ်ခုကတော့ ကျွန်တော် တို့ရဲ့ စိတ်တွေကို လုံးဝ ပြောင်းလဲပစ်ဖို့ ဒါမဟုတ် တိုက်ရိုက်အချိုးချ လက်ခံဖို့ အကြံ ပြုမယ်ဆိုရင် တော့ အရမ်းကို မိုက်မဲ သွားပါလိမ့်မယ် ။ လုပ်ဆောင်ရမယ့် အကောင်းဆုံး အရာကတော့ အရေးအပါဆုံးသော တန်ဖိုးထားအပ်တဲ့ အရာများကိုသာ ရယူပြီး အဲဒီအတိုင်း ကျွန်တော်တို့ ယုံကြည်သလို ပြောင်းလဲကျင့်သုံးခြင်း ကသာ ကျွန်တော် တို့ တစ်တွေ တိုးတက်နိုင်မှာပါ လို့ ကျွန်တော်မြင်ပါတယ်....


This means making new friends, learning other points of view, accepting different opinions and values and seizing every opportunity we have to go to the new places. So we achieve true knowledge. The one thing I would like to emphasize is suggesting to change our mind totally or to be square mind would be foolish so much; the best thing to do would be to stick to our most important values and, according to them, change those that we believe could be improved, I suppose.


အိမ်နဲ့ အဝေးမှာ နေရခြင်းရဲ့ အထင်ရှားဆုံး အရာတစ်ခုကတော့ ကျွန်တော် တို့ရဲ့ အတွင်း သန္ဒါန်မှာ ပေါက်ဖွားလာတဲ့ လွတ်လပ်တဲ့ အပြုအမူပါပဲ …ဖေဖေကို ကူညီရမယ့်အစား တစ်ယောက်တည်း နေနေရတာမျိုး မေမေ နဲ့ စကားစမြည် ပြောရခြင်းတွေ ဟာ ကျွန်တော်တို့ ရဲ့ မိသားစု ဟာ တကယ်ကို တန်ဖိုးမဖြတ်နိုင်ဘူးဆိုတာ သိလာစေခဲ့ပါတယ် ၊ တစ်ခါတစ်လေ ကျွန်တော် တို့ ဟာ သီးခြားဖြစ်ပြီး အထီးကျန် ဆန်လှပါတယ်။ ထပ်ပြောရရင်တော့ ကျွန်တော်တို့တွေ ဟာ ဘာသာစကား ကိုလည်း ခုထိအောင် မတက်မြောက်ခဲ့ ဖူးဆိုရင် ဆက်သွယ်ရေး အတား အဆီးတွေကို လည်း ရင်ဆိုင်ကြုံတွေ့ ရ အုံးမှာပါ … တစ်ချို့တိုင်းပြည်တွေ မှာဆို လူမျိုးခြား ခွဲခြားဆက်ဆံမှုမျိုးတွေ ပါ ရှိကြမှာပါ …အဲဒီနေရာမျိုးတွေမှာ နိုင်ငံခြားသားများကို လွယ်လွယ်ကူကူ လက်ခံလိမ့်မည် မဟုတ်ပါဘူး။ လူမျိုးကြီး ၀ါဒီ သမားတွေ ဟာ ကျွန်တော် တို့တစ်တွေ ကို နာကျင်စေနိုင်တယ်လို့ ကျွန်တော် မြင်ပါတယ် ။



The most significant one of staying away from home is the independent behavior that grows inside of us. Living alone instead of helping my dad and having a nice chat with my mom makes us know how valuable our family really is. Sometimes, we feel isolated and frustrated and lonely. In addition, if we can’t speak the language yet, we will have to face communication problems. What is more, there is discrimination in some countries. Foreigners aren’t easily accepted in these places. It is possible that racist people may hurt us.


ကျွန်တော်တို့ရဲ့ အိမ်အဝေးမှာ ကိုယ်ပိုင်ရပ်တည် ရှင်သန်ခြင်းဟာ ကျွန်တော် တို့ ရှေ့ လျှောက်လှမ်းရမယ့် ဘ၀များ အတွက် အတွေ့ အကြုံတွေ အများကြီး ပေးစွမ်းပါတယ် ။ အရာရာတိုင်း ဟာ ကျွန်တော် တို့ရဲ့ ဆုံးဖြတ်ချက်အတိုင်း ဖြစ်သွားပြီ ဆိုကတည်းက ဘယ်သူမှ ကျွန်တော်တို့ကို မနက်စော စော အိပ်ယာထဖို့၊ အခန်းသန့်ရှင်းဖို့ ၊အ၀တ်လျှော်ဖို့၊ အသုံးစရိတ် တွေ ချွေတာဖို့ ပြောလိမ့်မှာ မဟုတ်တော့ပါဘူး ဒါဟာလည်း တာဝန် ရှိခြင်းဆိုတဲ့ စကားရပ် အပေါ် ကျွန်တော် တို့ တွေ ခိုင်မာ ကောင်းမွန် စွာ သိလာလိမ့်မယ်လို့ ကြိုပြောလို့ရပါတယ် ၊လွတ်လပ်ခြင်း နဲ့ တာဝန်ရှိခြင်းတွေ ဟာ ကျွန်တော် တို့ လိုချင်တဲ့ အောင်မြင်မှု ဘ၀ ပန်းတိုင် ကို ရနိုင်ဖို့ ကူညီ ပေးပါလိမ့်မယ် …


Living on our own far from our family gives us a lot of experiences toward organizing our lives. Since everything is up to us and no one else to go to wake up in the early morning, clean our room, wash our clothes and organizing our expenses, it is predictable that we will have a good and strong meaning of responsibility. Being independent and responsible will help us get through life every goal we want to achieve.


အတိုချုပ်ပြောရရင်တော့ ကိုယ့်ရဲ့ အိမ်နဲ့ အဝေးမှာ ရှင်သန်ရတာ အချိန်တိုလေး ဆိုရင်တောင် အစမှာတော့ တကယ်ကို ခက်ခဲနိုင်ပါတယ်။ ပြောင်းလဲမှုတိုင်းဟာ ခက်ခဲ တယ်ဆိုတာ ကျွန်တော် တို့တွေ မှတ်ထားရမှာပါ ။ ဒါပေမယ့် စရိုက်လက္ခဏာ တစ်ခု ကို တည်ဆောက်ဖို့ အတွက် အဲဒါတွေ ကို ဖြတ်သန်းဖို့ လိုအပ်တာပေါ့ အရာအားလုံးထဲက အရေးကြီးဆုံးကတော့ ကျွန်တော်တို့မှာ ပိုင်ဆိုင်ထားတာတွေ ကို တန်ဖိုး ထားတက် လာစေပါတယ်။ ကျွန်တော်တို့တွေ ဘယ်လောက်ကံကောင်းတယ် ဆိုတာ နားမလည်ဘူး ဆိုရင်တော့ တကယ့်ကို အမှားဆိုးကြီး တစ်ခုပါပဲ ဘာဖြစ်လို့လဲဆိုတော့ ဘယ်အရာမှ ထာဝရ မတည်မြဲသလို အဆိုးများထဲမှ အကောင်းဆုံး တွေ ကို ပဲ ပြုလုပ်ကြရမှာ မဟုတ်ပါလား ခင်ဗျာ........


To cut a long story short, living far from home, even for a short time, can be really hard at the beginning. We have to remember that all changes are difficult, But they are necessary to go through them to build a character. Most important of all, it helps us appreciate everything we have. Not realizing how lucky we are a really bad mistake because things don’t last forever and we have to make the best out of them.


Myo Ko Ko
( 6.1.2012)

0 comments:

Post a Comment