Popular Posts

Friday 6 January 2012

File တွေက Personal Information တွေ ဖယ်ရှား ရအောင်




ကျွန်တော်တို့ တွေ ဖန်တီး ပြင်ဆင်လိုက်တဲ့ များစွားသော File တွေကို Window က ကိုယ်ရေးအချက်အလက်ဖြစ်တဲ့ ( Personal Information ) တွေ များစွာ ကို add နေတယ် ပေါင်းထည့်နေတယ် ဆိုတာကို သယ်ချင်းတို့ သိပြီးပြီလား ?

သူတို့က Word Document တွေ၊ JPEG Image File တွေ ၊ MP3 File တွေ အပါအ၀င် များစွာသော File Type တွေ ကိုဒီိ Data တွေ တွဲ ယူနေပါတယ် ဗျာ။


ဒီ Data တွေမှာ ဘာတွေ များ ပါဝင်ပါလဲ ?

ကျွန်တော် က File တွေ ကို တစ်ယောက်ယောက်ဆီ ပို့မယ် အဲဒီ သူက ကျွန်တော် ရဲ့ Full Name ပြီးတော့ ကျွန်တော် သုံးတဲ့ PC အပြင် အဲဒီ File အပေါ်မှာ ဘယ်လောက် ကြာကြာ အလုပ်လုပ်ခဲ့တယ် ဆိုတာ ကိုပါ မြင်တွေ့ နိုင်မှာပါ။ File အမျိုးစားပေါ် မူတည်ပြီး ( ဥပမာ- Word 2007 Document ) File တွေ ကို ၃၅ ခုထက် ကျော်တဲ့ Personal Information တွေ ပေါင်းထည့် နိုင်ကောင်း ပေါင်းနိုင်မှာပါ၊ ဒီ အချက်အလက်တွေ မှာ စာရေးသူရဲ့ full Name , Company Name , Manager တွေ အပြင် ကိုယ့် ဖန်တီးလိုက်တဲ့ content တွေ ၊ နောက်ဆုံး Save လိုက်တဲ့ အချိန် ပြီးတော့ Revision အပြင် နောက်ထပ်လည်း ပါဝင်နိုင်ပါသေးတယ်၊ ( လုပ်ငန်းခွင်တွင်ဆိုလျှင်)

ကိုယ်က File တစ်ခု အတွင်းမှာ ဘာ Data တွေ များ Save ထားလဲ ဆိုတာ သိချင်ရင် အဲဒီ File ရဲ့ Properties Dialogue ထဲကနေ ကြည့် ရပါတယ် …





ကျွန်တော်တို့ ဘယ်လိုများ ဒီ အချက်အလက်တွေ ကို ဖယ်ရှာနိုင်ပါလဲ ?

Window Vista နဲ့ Window 7 နှစ်ခု လုံးမှာ လွယ်ပါတယ်. ကိုယ် ရေး အချက်အလက်တွေ ဖယ် ရှားဖို့ ပျောက်ကွယ် နေတဲ့ Feature လေးတွေ ပါပဲ ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော် တို့ သုံးတဲ့ File ပေါ် မူတည် ပြီး meta data အားလုံး ရချင် မှလည်း ရပါလိမ့်မယ်ဗျာ၊ Window နဲ့ ဖန်တီးလိုက်တာ ကိုသာ Window က ဖယ်ပေးမှာပါ တစ်ခြား Program သုံးပြီး ကိုက ဖန်တီးခဲ့တယ် ဆိုရင်တော့ အဲဒီ Program ကိုပြန်သုံရပါ လိမ့်မယ်။

အောက် က အဆင့်လေးတွေ က Window 7 ကိုသုံးပြီး ဒီလို အချက်အလက်လေးတွေ အကုန်လုံး
ဒါမဟုတ် အနည်းဆုံးတော့ ဖယ်ရှားနိုင်မှာပါ။

1. ကိုအချက်အလက်တွေ ဖယ်ရှားချင်တဲ့ File ကို Right Click နှိပ်။
2. Properties ကိုသွား
3. ပြီးတော့ Detail Tab ကိုသွားပါ။
4. Remove Properties and personal information






ကိုရဲ့ Hard Disk က ဖိုင် မှာ ဒီအချက်အလက်ကလေး တွေ ကိုသိမ်းချင်တယ် ဆိုရင်တော့ Create a copy with all possible properties removed ကို ရွေးပေးလိုက်နော် ...

ဒါဆို ရင်တော့ ဖိုဒါ လေးဆောက်ထားတယ် ဆိုရင် အဲ ထဲမှာ copy တစ်ခုထပ်ရောက်လာလိမ့်မယ်၊
ဘယ်လိုပဲ ဖြစ်ဖြစ် ကို က ဖိုင်ထဲက Information တွေ အားလုံးဖျက်ချင်တယ် ဆိုရင်တော့ Remove the following properties from this file ကို ရွေးရမှာပါ…

ဖျက်ချင်တာလေးတွေ ကိုပဲ ရွေးဖျက်ချင်တယ် ဆိုရင်တော့ Box ကလေး တွေထဲမှာ အမှတ်လေး တွေ ချစ်ပေးလိုက်ပါ၊






File နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေ အားလုံးရှင်းချင်တယ် ဆိုရင် တော့ Select All ကို နှိပ်ပြီး OK လိုက်ပါ။
ရှင်းပြီးသား File တစ်ခု ရလာမှာပါ ၊ အဲဒီလိုမှ အလုပ်မဖြစ် ဘူးဆိုရင်တော့ ကျွန်တော် တို့ ဖန်တီးခဲ့တဲ့ Program ထဲကို သွားကြည့်ရအုံးမှာပါ အဲဒီ Program ရဲ့ Opening and Saving ကို သွားကြည့်ရမှာပါ ။ ကျွန်တော်တို့ သုံးတဲ့ Program ရဲ့ Option မှာ File ထဲကို Metadata များ ပေါင်းထည့် ထားခြင်းမှ ကာကွယ်ထားသလား ဆိုတာ စစ်ကြည့်ပါအုံး၊

Window က Support မလုပ်တဲ့ File Type တွေ အတွက်တော့ ဒီ Utility လေးတွေက အသုံးတဲ့ကောင်းတဲ့ မှာပါ။ လိုချင်မယ် ဆိုရင်တော့ ဒီ Page လေးကို ညွန်းလိုက်ပါတယ် ဗျာ၊ အဆင်ပြေကြပါစေ...စာဖတ် သူတို့ အနေနဲ့လည်း နည်းလမ်း ကောင်းလေးတွေ ကို ဝေဖန် အကြံပြုစေ လိုပါတယ် ကျေးဇူးပါ...

မျိုးကို



0 comments:

Post a Comment