Popular Posts

Wednesday 4 January 2012

ဘဝရဲ့ သူငယ်ချင်းကောင်း ဆိုတာ ...



မြစ်တစ်စင်းရဲ့

အကိုင်းအခက်များ

တစ်ယောက်က

လေပြည်လေးဆိုရင်

ကျန်သူတွေက

ပန်းခင်းကြီး

သူငယ်ချင်းဆိုတာ

တစ်ယောက်သတင်း

တစ်ယောက်

သင်းစေတဲ့သူ။

တစ်ယောက်က

လှိုင်းကြက်ခွပ်ဆိုတော့

ကျန်သူတွေက ပင်လယ်ပြာ

အဲဒါပဲ ...

သူငယ်ချင်းဆိုတာ ကြားမှာ

တလက်မတောင်

အကွာအဝေးမရှိတဲ့သူ။

လုပ်မိတဲ့ အမှားကို

ဖုံးကွယ်တာမဟုတ်ဘူး

မမှားရအောင်

လက်တွဲကူတာ

သူငယ်ချင်း။


တွင်းထဲကို

ခြေကျွံကျ

တွင်းနှုတ်ခမ်းဝ

ကနေဆွဲကူတာ

သူငယ်ချင်း။

အားနည်းချက်တွေ မြင်သိ

ကူညီပေးချင်စိတ်က လွဲရင်

အခြားအရောင်မရှိသူ

သူငယ်ချင်း။


ပုခုံးပေါ်က သောက

အတူတကွ ပေါ့ပါးစေသူ

သူငယ်ချင်း။


အတွန့်အကောက်မရှိဘဲ

တစ်ကြောင်းတည်းစီးတဲ့မြစ်

အဖြူအမည်း

အရောင်မကွဲတဲ့ကောင်းကင်

သူငယ်ချင်းဆိုတာ

လောကဓံကို

ဖွင့်အန်ထုတ်စရာ

အိုးတစ်လုံးလည်း ဖြစ်ရဲ့။


“သင်အမှောင်ထဲမှာ

ရှိတဲ့အခါ

သင့် သူငယ်ချင်းက

လထွက်အောင်လည်း

ကူအော်ပေးသတဲ့”

ကလေးကလားဆန်လည်း

စွမ်းသလောက်လေးတော့

ဘေးမှာရပ်နေမယ့်သူဟာ

သူငယ်ချင်းတဲ့။

ရင်းနှီးသထက်

ရင်းနှီးလာတော့

အစအနောက် မကင်းကြ

ခဏ ခဏ ကျီစားကြ

ရန်စတိုင်း အငြိုးအတေး မရှိသူ။

အမေမတူ

အဖေကွဲ

မြေပြန့်သူ

တောင်ပေါ်သား၊

မြေလတ်မြို့က ရင်းချာတွေ

ညီရင်းအစ်ကို မောင်ရင်းနှမ

သိပ်ချစ်ကြတဲ့အခါ

နာမည်ရင်းခေါ်ဖို့မေ့

ဘ၀တကွေ့လုံး

“သူငယ်ချင်း” ဆိုတဲ့

အသုံးအနှုန်းနဲ့တင်

အဖြူရောင်သွေးတွေ

တဒုတ်ဒုတ်မြည်အောင်

လှည့်ပတ်တယ် ....

နှင်းနုလွင်

14 ၊ 12 ၊ 2011

2 comments:

  1. Very helpful suggestions that help in the optimizing website. Thank you for valuable suggestions.PDF Annotator 6.1.0.612

    ReplyDelete
  2. Thanks for the always useful information. This is great information to help garage type SEO people like me.PDF Annotator 6.1.0.612

    ReplyDelete