Popular Posts

Thursday 29 December 2011

နှုတ်ဆက်ခဲ့ပါတယ် ၂၀၁၁

"ကျေးဇူးပါ ၂၀၁၁"


မင်းဟာ ငါ့ဘ၀ ရဲ့ အမှတ်တရတွေ ကို

ဖန်တီးပေးခဲ့ သူပေါ့…

ငါ့ဘ၀ရဲ့ ခြေလှမ်းတွေ ကို စတင်ခဲ့တဲ့

နှစ်ပတ်လည် လတစ်လ ကိုလည်း ပိုင်ဆိုင်ခဲ့တဲ့ မင်းပါ…

တက္ကသိုလ် ဆိုတဲ့ ကျောင်းတော် ကြီးကို ရောက်ရှိချိန်မှာ

ငါမျှော်လင့်တာ တစ်နေ့ ဘွဲ့နှင်းတက်ဖို့ပေါ့…

...

နှုတ်ဆက်ခွဲခွာ တစ်နှစ်အကြာမှာ

ပြန်တွေ့ ရမယ့် ငယ်ချင်းများနဲ့ ပျော်ရွှင်ဝမ်းသာ

ဘ၀ အတွေ့အကြုံတွေ ဖလှယ် ရင်းပေါ့

ဒါပေမယ့်လည်း ကံကြမ္မာ မျက်နှာသာမပေး

စာမေးပွဲ ပြီးချင်းပဲ တစ်နယ် တစ်ကျေး အနေဝေးမှာ

ဘ၀ စခဲ့တယ်ဟာ…

...

တက်ခွင့်မရတဲ့ ငါ့ဘွဲ့နှင်း ရဲ့ နေ့တစ်နေ့ ကိုလည်း

မင်းပိုင်ဆိုင်တာပေါ့…

အလုပ်မပျက်အဲဒီနေ့ရက်ကို ငါ ကျော်ဖြတ်ခဲ့တယ်လေ

စိတ်တွေကတော့ ကိုယ့်ရပ်ကိုယ့်မြေ ကိုယ့်ဌာနေနဲ့

အပြုံးဝေဆာ သယ်ချင်းတွေ မျက်နှာ မြင်ယောက်မှန်းဆရင်းပေါ့…

လွမ်းဆွေးမှု အလွမ်းတွေနဲ့ အတူ ဘယ်သူမှ မသိဘဲ ကျခဲ့ ဖူးတဲ့

မျက်ရည်တွေ ကိုလည်း မင်းသိမ်းယူဖူးလေရဲ့

...

ငါ့ဘ၀ အတွက် သက်တောင့်သက်သာ မရှိခဲ့ပေမယ့်

မင်းဟာ ငါ့ဘ၀ ရဲ့ အရှင်သခင်ပါ…

...

ကုန်ဆုံးသွားတဲ့ အချိန်တွေ နဲ့အတူ

ဆက်လျှောက်ရမယ့် ဘ၀ လမ်းအတွက်

ပြုပြင်ပြောင်းလဲ ဖို့ မင်း သင်ကြားပေးခဲ့ တယ်လေ

မင်းပေးလိုက်တဲ့ သင်ခန်းစာတွေနဲ့ အတူ

ပိုမိုတဲ့ တာဝန် တွေကို ငါထမ်းဆောင်နိုင်မှာပါ

...

မေ့မရတဲ့ ဘ၀ရဲ့ နေ့ရက်တွေ နဲ့အတူ

အရာ အားလုံးအတွက် ကျေးဇူးပါ လို့ 

ပြောရင်း နှုတ်ဆက်ခဲ့ပါတယ်

မင်းရဲ့ ဒီဇင်ဘာ…

မျိုးကို

(၂၉.၁၂.၂၀၁၁)

0 comments:

Post a Comment