Popular Posts

Thursday 22 December 2011

မိတ်ဆက်ပါတယ် အားလုံးပဲ မင်္ဂလာပါခင်ဗျာ



မိတ်ဆက်ပါတယ် အားလုံးပဲ မင်္ဂလာပါခင်ဗျာ

ကျွန်တော်နာမည် မျိုးကိုကို ပါ။ ကျွန်တော် ဘာလော့ လုပ်ချင်နေတာ ကြာနေပါပြီ။ နည်းပညာ လေးတွေ မသိတော့လည်း ဒီလိုပဲ စတင် လေ့လာရတာပါပဲဗျာ။ ကျွန်တော် နည်းပညာဆိုက်တွေ မှန်သမျှ ကျွန်တော် သိသလောက် အားရင် အားသလို သွားရောက် လေ့လာဖြစ်ပါတယ်။ တစ်နေ့ ကျွန်တော် ဘလော့ကာ ကိုနေဇော်လင်း နဲ့ လိုင်းပေါ်တွေ့ပြီး သူရဲ့အကူညီလေးနဲ့ ဒီဘလော့လေးကို စတင်ပြုလုပ်ခဲ့ပါတယ်။

ကျွန်တော် ဘလော့တစ်ခု ရလို့ အရမ်းပဲ ပျော်နေမိပါတယ်။ ဒီဘလော့လေးမှာ ကျွန်တော် လေ့လာဖြစ်တဲ့ နည်းပညာ စာပေ ဗဟုသုတ များကို ကျွန်တော်ရေးဖို့ ဆုံးဖြတ် ထားပါတယ်။ ကျွန်တော်က အခုမှ စတင် ဘလော့ရေးတယ် ဆိုတော့ အကောင်း အဆိုး အမှား အမှန် ကိစ္စများကို စာဖတ် သူများ ဝေဖန် အကြံပေးကြဖို့ ကျွန်တော် ပြောကြားပါရစေ ....

ဘလော့ကာ အသစ်လေးကိုလည်း အားပေးကြပါဦး ခင်ဗျာ။ အခုမှ ကျွန်တော် စတင်လေ့လာနေဆဲပါ။ အမှားတစ်စုံတစ်ခု ပါခဲ့ရင် တောင်းပန်ပါတယ် ခင်ဗျာ။

ကြီုးစားလေ့လာနေဆဲ

မျိုးကိုကို

23.12.2011

0 comments:

Post a Comment